
နေပြည်တော် မတ် ၈
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 နှင့် MG, MGZS အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Premier Automotive Ltd. မှ တင်သွင်းလာ သော Geely Geometry C အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Dongfeng Motor Corporation Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng EX1 Pro အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်း နှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်