ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့ရှိ ဆရာတော်၊ သံဃာတော်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်   မတ်   ၈
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင်     တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိ  ထိုင်တော် မူ      ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက်  ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား     ယနေ့မွန်းလွဲ ပိုင်းတွင်  ပဲခူးတိုင်းဒေသကြီး  ပဲခူး မြို့နယ်နှင့်  သနပ်ပင်မြို့နယ်တို့ရှိ ချမ်းမြေ့ဇေယျာ  သာမဏေကျော် တက္ကသိုလ်၊         သာမဏေကျော် ပရိယတ္တိစာသင်တိုက်၊ ဥဿာသီရိ စာသင်တိုက်၊    သာသနာ့ပါလ ကျောင်းတိုက်တို့မှ   ဆရာတော်၊ သံဃာတော်အပါး  ၁၆၀ တို့က  လာရောက်ဖူးမြော်     ကြည်ညိုကြ သည်။ (အပေါ်ယာပုံ)
ပဲခူးတိုင်းဒေသကြီး      ပဲခူး မြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့မှ ဘုရားဖူးလာ ဆရာတော်၊ သံဃာ တော်များသည်     မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုကြပြီး   ဘုရားရင်ပြင် တော်ပတ်လည်၌ စကျင်ကျောက် များ   အသုံးပြု၍  တည်ဆောက် ထားသည့်      ဂန္ဓကုဋိတိုက်များ အတွင်း    လေ့လာကြည့်ရှုကြ သည်။   
ယင်းနောက်     မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး     ဘက်စုံ ပြုပြင်မွမ်းမံရန်အတွက်    အလှူ ငွေများ     ပေးအပ်လှူဒါန်းကြ သည်။      
ထို့နောက်    ဗိသုကာလက်ရာ များဖြင့်      ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့်  အဂ္ဂါ ဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံ    စေတီတော်များ၊ သုဓမ္မာဇရပ်များ၊  မုစလိန္ဒအိုင်နှင့် အခြားသာသနိက   အဆောက်အဦ များကို ဆက်လက်ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြသည်။ 
ထိုကဲ့သို့  ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့်  သနပ်ပင်မြို့နယ် တို့မှ  လာရောက်ဖူးမြော်ကြည်ညို ကြသည့် ဆရာတော်၊ သံဃာတော် များအား   မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး   ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   တည် ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်း ခြင်းလုပ်ငန်းများတွင်        ပါဝင် ဆောင်ရွက်ခဲ့ကြသည့်  ကျွမ်းကျင် ပညာရှင်များက    မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အောင်မြင် စွာ      တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့ပုံများကို ဗီဒီယိုမှတ်တမ်းများဖြင့် ရှင်းလင်း လျှောက်ထားခဲ့ကြသည်။ 
ထို့ပြင်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား   အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူး ပြည်သူများ   လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြောင်း သတင်း ရရှိသည်။                        သတင်းစဉ်