ကြိမ်နှင့်ဝါးထုတ်ကုန်ပစ္စည်းများ ပြည်တွင်း/ပြည်ပရောင်းဝယ်နိုင်ရန် အရည်အသွေးမီကုန်ကြမ်းများ ရေရှည်ရရှိနိုင်ရန် လိုအပ်

 

နေပြည်တော်   မတ်   ၈


မြန်မာ့ကြိမ်နှင့်  ဝါးအခန်းကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ  အခမ်းအနား ကို  ယနေ့နံနက်ပိုင်းတွင် မှော်ဘီ မြို့ရှိ   AFoCO RETC သင်တန်း ကျောင်း၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးမင်းသူ  တက်ရောက်ပြီး ကြိမ် နှင့် ဝါး သယံဇာတအရင်းအမြစ် များနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် ကြိမ်မျိုးစု ၁၂ မျိုးနှင့် မျိုးစိတ် ၅၅၀ ရှိပြီး  မြန်မာနိုင်ငံတွင်   ကြိမ်မျိုးစု ခြောက်မျိုးနှင့်    မျိုးစိတ် ၃၂ မျိုး ပေါက်ရောက်သည့်အတွက် ကမ္ဘာ့ ကြိမ်မျိုးစိတ်    အရေအတွက်၏ ၆    ရာခိုင်နှုန်းခန့်     ပျံ့နှံ့ပေါက် ရောက်လျက်ရှိပြီး ကမ္ဘာပေါ်တွင် ဝါးမျိုးစုပေါင်း ၇၅ မျိုး၊ ဝါးမျိုးစိတ် ပေါင်း ၁၂၅၀ ခန့်   ပေါက်ရောက် ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဝါး မျိုးစု ၂၁ မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုး ပေါက်ရောက်ပြီး ကမ္ဘာ့ ဝါးမျိုးစိတ်       အရေအတွက်၏  ၈ ရာခိုင်နှုန်း   ပျံ့နှံ့ပေါက်ရောက် လျက်ရှိသည်ကို   လေ့လာတွေ့ရှိရကြောင်း။
ကြိမ်နှင့်ဝါး ထုတ်ကုန်ပစ္စည်း များ စဉ်ဆက်မပြတ်ထုတ်လုပ်ပြီး ပြည်တွင်း/ ပြည်ပ  ရောင်းဝယ်မှု ပြုလုပ်နိုင်ရန်      အရည်အသွေးမီ ကုန်ကြမ်းများ   ရေရှည်ရရှိနိုင်ရန် လိုအပ်ကြောင်း၊ အရည်အသွေးမီ ကြိမ်နှင့်      ဝါးကုန်ကြမ်းများ စဉ်ဆက်မပြတ်     ရရှိရန်အတွက် သဘာဝတောများမှ     ရနိုင်သည့် ကြိမ်နှင့်         ဝါးကုန်ကြမ်းများကို စနစ်တကျ    ထုတ်ယူသုံးစွဲသည့် နည်းအပြင် စိုက်ခင်းများ  တည် ထောင်ပြီး   စနစ်တကျ    ပြုစု ထိန်းသိမ်းထုတ်ယူ     သုံးစွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊  ကြိမ်နှင့် ဝါးစိုက်ခင်းများ တည်ထောင်သည့် နေရာတွင်လည်း မြေနေရာ ရရှိနိုင် မှု၊ ရင်းနှီးမြှုပ်နှံရန် ငွေကြေးအရင်း အနှီး၊ စိုက်ခင်းဆိုင်ရာပျိုးထောင်၊ စိုက်ပျိုး၊  ပြုစုသည့်လုပ်ငန်းများ အတွက်    နည်းပညာများလည်း လိုအပ်ချက်များ    ရှိလာမည်ဖြစ် သည့်အတွက် ဝိုင်းဝန်းဆွေးနွေး ပေးကြရန်  တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။
အလုပ်ရုံ     ဆွေးနွေးပွဲသို့ အမြဲတမ်း အတွင်းဝန်၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာနတို့မှ ညွှန်ကြား ရေးမှူးချုပ်၊  ဦးဆောင်ညွှန်ကြား ရေးမှူးနှင့်     ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ အထွေထွေမန်နေဂျာ များ၊ မြန်မာနိုင်ငံ   ကြိမ်နှင့် ဝါး လုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
ယနေ့ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲသည်  မြန်မာနိုင်ငံ၏ MSME  လုပ်ငန်း   ဖွံ့ဖြိုးတိုးတက် ရေးကို     တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေမည့် မြန်မာ့ ကြိမ်နှင့်ဝါး  အခန်းကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး    အတွက် ဆက်စပ်ပတ်သက်သူများအားလုံး ကိုဖိတ်ကြားပြီး     ကြိမ်နှင့်  ဝါး ဆိုင်ရာ  လုပ်ငန်းများ ဆောင်ရွက် နေသူများအချင်းချင်း    အတွေ့ အကြုံများဖလှယ်နိုင်ရန်၊     ကြိမ် နှင့်          ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်   အရည်အသွေး မီ ကုန်ကြမ်းများစဉ်ဆက်မပြတ် ရရှိနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုရရှိရေး၊ ထုတ်ကုန်ဆိုင်ရာ   နည်းပညာနှင့် စက်ကိရိယာ   ဖွံ့ဖြိုးတိုးတက်ရေး စသည့်  ကိစ္စများ ညှိနှိုင်းပေါင်းစပ် အကြံပြုနိုင်ရန်၊ ကြိမ်နှင့် ဝါးတန်ဖိုး မြှင့်ထုတ်ကုန်ပစ္စည်းများ     ပိုမို ထုတ်လုပ်နိုင်ရေး၊   ထုတ်လုပ်ပြီး ကြိမ်နှင့် ဝါးထုတ်ကုန်ပစ္စည်းများ ပြည်တွင်း/ ပြည်ပဈေးကွက် ရရှိ နိုင်ရေးစသည့်     ကိစ္စရပ်များကို ဆွေးနွေး/အကြံပြုနိုင်ရန် ရည်ရွယ် ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်