
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ် ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ် စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ထုတ်ဝေသူသည် မိမိထုတ်ဝေသော ထုတ်ဝေစာ ၅ အုပ် သို့မဟုတ် ၅ စောင်ကို ဖြန့်ချိသည့် နေ့မှစ၍ ၁၄ ရက်အတွင်း ပုံစံ (၁၁)ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ ပေးပို့အပ်နှံရမည်ဖြစ်ပါသည်။ ယခုအခါ အောက်ဖော်ပြပါထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ မူပိုင် ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ ပေးပို့အပ်နှံရန် ပျက်ကွက်လျက်ရှိပါသဖြင့် အမြန်ဆုံးပေးအပ်နိုင်ပါရန် အသိပေးကြေညာအပ်ပါသည်-
စဉ် စာအုပ်အမည် စာရေးသူ ထုတ်ဝေသူ
၁ ခွာင်ကြွဲပွဲ
Khaung cawi ni (ချင်းဘာသာ) ကေ(တောင်တန်းပြာ) ဦးမင်းထက်ဟန်
တောင်ဇလပ်နီစာပေ
၂ သုတေသနဟူသည်(တတိယအကြိမ်) ဒေါက်တာအောင်မြင့်ဦး ဒေါ်ခင်ဆွေဦး
ပညာရပ်ဝန်းစာပေ
၃ လုပ်ငန်းခွင် စာရင်းကိုင် အထူးထုတ် ဆရာငြိမ်းချမ်းအောင် ဦးကျော်သီဟ
IT Computer Training Center
၄ မိုင်းဘုန်းဆရာတော်နှင့်ထူးခြားသည့်စံကားဝါသား ဆင်းတုတော်များ သီပေါ(ကိုလတ်) ဦးမျိုးဆင့်
ရှင်မတောင်စာပေ
၅ ခေါက်ထီးလေးတစ်လက်နှင့် မဂ္ဂဇင်းဝတ္ထုစုစည်းမှု တက္ကသိုလ်စိုးစံ
စီစဉ်သည် ဦးမျိုးဆင့်
ရှင်မတောင်စာပေ
၆ ကျွန်မ သတင်းသမား
ဘဂ္ဂဒက်မှာ ၁၀၁ ရက်ကြာ နေဦးဝေ ဦးနေဝင်း
ဘဝတက္ကသိုလ်စာပေ
ပြန်ကြားရေးဝန်ကြီးဌာန