
နေပြည်တော် မတ် ၇
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ် ရေလည်သောင်ကျေးရွာ ကို မတ် ၆ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာနေ ပြည်သူအားလုံးကို ရွာထဲတွင် ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင် လွဲမှားစေရန် အတွက် တရားမဝင်ပြည်ဖျက် မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များသည် နိုင်ငံတွင်းတည်ငြိမ် အေးချမ်းမှု မရှိစေရန်အတွက် ပြည်သူများအား ကြောက်ရွံ့ ထိတ်လန့်စေရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန် ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံ၍ ၎င်းတို့၏ တစ်ဖက် သတ် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများပေါ် တွင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေ လျက်ရှိရာ ယခုဖြစ်စဉ်သည် လည်း PDF အမည်ခံ အကြမ်းဖက် သမားများမှ ကျေးရွာများအတွင်း ဝင်ရောက်လှုပ်ရှားမှု မရှိစေရန် နှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းမရှိစေရန်အတွက် ငါန်းဇွန်မြို့နယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံ ရေး ဆောင်ရွက်လျက်ရှိသည်ကို ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံရေးသားထား ခြင်းသာဖြစ်ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာ မှ ဒေသခံပြည်သူများကို ဖမ်းဆီး ထားခြင်းမရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်