
နေပြည်တော် မတ် ၇
(၅)ကြိမ်မြောက် အာဆီယံလုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးကော်မတီ ပထမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ် သမားဥပဒေ စစ်ဆေးရေးဦးစီး ဌာန သင်တန်းခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ သက်ဆိုင် ရာ ဝန်ကြီးဌာနများမှ ဆုရွေးချယ် ရေး ကော်မတီဝင်များ တက်ရောက် ကြပြီး ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးစီး ဌာန၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင် ရာ ဆောင်ရွက်ချက်များ၊ အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက် (ASEAN-OSHNET) ဆုချီးမြှင့်ရခြင်းဆိုင်ရာ အကြောင်း အရာများကို ရှင်းလင်းပြောကြား သည်။
ထို့နောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ASEAN-OSHNET ဆုများကို ဝင်ရောက် ယှဉ်ပြိုင်နိုင်စေရေး ရှင်းလင်းဆွေးနွေးပွဲများ ဆောင် ရွက်ခဲ့မှု၊ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ်၊ အမှတ် ပေးစည်းမျဉ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြီး တက်ရောက်လာ သည့် ကော်မတီဝင်များက မေးမြန်း ဆွေးနွေးအကြံပြုကြသည်။
ASEAN-OSHNET အဖွဲ့ကို အာဆီယံဒေသတွင်း ၁၀ နိုင်ငံတို့ က ၂၀၀၀ ပြည့်နှစ်တွင် လက်မှတ် ရေးထိုးဖွဲ့စည်း၍ အာဆီယံဒေသ တွင်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အဆင့်မြှင့်တင်နိုင်ရေး လုပ်ငန်း စဉ်များကို ရေးဆွဲချမှတ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ ပြီး ASEAN-OSHNET အနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များကို အလေး ထား၍ ထူးခြားကောင်းမွန်စွာ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ အား အားပေးချီးမြှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ASEAN-OSH-NET Excellence ဆုနှင့် ASEAN-OSHNET Best Practices ဆုများ ကို ၂၀၁၆ ခုနှစ်မှစ၍ နှစ်နှစ်လျှင် တစ်ကြိမ် ချီးမြှင့်လျက်ရှိရာ လက်ရှိအချိန်ထိ ဆုချီးမြှင့်ပွဲ (၄) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် (၄) ကြိမ်လုံးတွင် ဆုများရရှိခဲ့၍ ၂၀၂၄ ခုနှစ်တွင် (၅) ကြိမ်မြောက် ASEAN-OSHNET ဆု ချီးမြှင့်ပွဲ အခမ်းအနားကို စင်ကာပူနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။
ASEAN-OSHNET ဆု ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြင့် မြန်မာနိုင်ငံရှိ လုပ်ငန်းခွင်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက် ချက်များသည် ဒေသတွင်းယှဉ်ပြိုင် နိုင်စွမ်းရှိကြောင်း ပြသနိုင်သည့် အပြင် အလုပ်သမားများအတွက် ကောင်းမွန်သော လုပ်ငန်းခွင် ဖန်တီးပေးနိုင်သော ကုမ္ပဏီအဖြစ် အသိအမှတ်ပြုခံရသည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အတွက် အထောက်အကူဖြစ်စေ ခြင်း၊ အာဆီယံဒေသတွင်းလုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ် များကို ကောင်းမွန်စွာ အကောင် ထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကို သိရှိနိုင်ပြီး လက်တွေ့ကျင့်သုံးဆောင်ရွက်ပေး ခြင်းဖြင့် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာ ရရှိမှု လျော့နည်းကျဆင်းပြီး ကုန်ထုတ်စွမ်းအား တိုးတက်စေ ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ်အတွက် ASEAN-OSHNET ဆု ဝင်ရောက်ယှဉ်ပြိုင် သည့် စက်ရုံများအား ၂၀၂၄ ခုနှစ် မတ်လအတွင်း ပဏာမအဆင့် ရွေးချယ်ခြင်းနှင့် ASEAN-OSH-NET မှ သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ ကွင်းဆင်း စစ်ဆေးခြင်းတို့ကို ဆောင်ရွက်၍ မြန်မာနိုင်ငံ ကိုယ်စားပြုဆုရရှိ သည့် စက်ရုံများအား ရွေးချယ် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်