နာဆာလေ့ကျင့်ရေးသင်တန်းပြီးဆုံးခဲ့သည့် အာရပ်အမျိုးသမီး လကမ္ဘာပေါ်သို့ သွားရောက်မည်

 

ဟူစတန် မတ် ၇ 


ယူအေအီးနိုင်ငံသူ နိုရာအယ်လ်မာထရိုရှီသည် သူ့ရှေ့က ဘိုးဘေး များကဲ့သို့ပင် သူ့ဘဝတစ်လျှောက်လုံး  ကြယ်များကို  ငေးကြည့်ပြီး လကမ္ဘာသို့ ပျံသန်းရန် စိတ်ကူးယဉ်ခဲ့သည်။ 


ယခုသီတင်းပတ်တွင် သူသည် နာဆာလေ့ကျင့်ရေးအစီအစဉ်မှ ဘွဲ့ရခဲ့သည့်    ပထမဆုံး    အာရပ်အမျိုးသမီးတစ်ဦး   ဖြစ်လာခဲ့ပြီး စကြဝဠာထဲသို့ပျံသန်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းများ တွင် ဖော်ပြသည်။ 


အသက် ၃၀ နှစ်ရှိ အယ်လ်မာထရိုရှီသည် အာကာသနှင့်ပတ်သက် သည့် အခြေခံသင်ခန်းစာများသင်ယူပြီးမြောက်ပြီးနောက် ယခုအခါ တွင် လကမ္ဘာသို့သွားရန် အဆင့်သင့်ဖြစ်နေပြီဖြစ်သည်။ 


ရေနံထုတ်လုပ်ရေးလုပ်ငန်းတွင်   စက်မှုအင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်လျက်ရှိသော အယ်မာထရိုရှီသည်  နာဆာလေ့ကျင့်  ရေးသင်တန်းသို့ တက်ရောက်ရန်  အာရပ်စော်ဘွားများပြည်ထောင်စု အာကာသအေဂျင်စီက ၂၀၁၁ ခုနှစ်တွင်   ရွေးချယ်ခြင်းခံရသည့် အာကာသယာဉ်မှူး သင်တန်းသားနှစ်ဦးအနက် တစ်ဦးဖြစ်သည်။ 


အာကာသလမ်းလျှောက်လေ့ကျင့်ခြင်းအပါအဝင် သင်ခန်းစာများ ကို နှစ်နှစ်ကြာ ပြင်းပြင်းထန်ထန်ကြိုးစားပြီးနောက် ယခုအခါ သူသည် တခြားသင်တန်းသားများနည်းတူ အရည်အချင်းပြည့်ဝသည့် အာကာသ ယာဉ်မှူးတစ်ဦးဖြစ်လာပြီဖြစ်သည်။ “The Flies” ဟု အမည်ပေးထား သည့် အဆိုပါအဖွဲ့သည် ယခုအခါတွင် နိုင်ငံတကာအာကာသစခန်းသို့ သွားရောက်ရန် နာဆာတာဝန်များအတွက် အရည်အချင်းပြည့်မီ လာပြီဖြစ်ပြီး အကယ်၍ လကမ္ဘာခရီးစဉ် အောင်မြင်ခဲ့ပါက အင်္ဂါ ဂြိုဟ်သို့ ဆက်လက်သွားရောက်မည်ဖြစ်သည်။


 နယူးစထရိတ်တိုင်းမ်