ဂါဇာ မတ် ၇
အစ္စရေး -  ဟားမားစ်  ပဋိပက္ခ ခြောက်လထဲ ဝင်ရောက်လာချိန် တွင် ဂါဇာရှိ   လူသားချင်းစာနာထောက်ထားမှုအခြေအနေ ပိုဆိုး လာပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအပေါ်   အဆိုးမြင်ဝါဒလည်း ကြီးထွားလာလျက်ရှိသည်။ 
ဂါဇာရှိ ကျန်းမာရေးအာဏာ ပိုင်များက ၂၀၂၃ ခုနှစ် အောက်တို ဘာ ၇ ရက်မှစတင်သည့် အစ္စရေး-ဟားမားစ်ပဋိပက္ခကြောင့် ပါလက် စတိုင်း  ၃၀၈၀၀  သေဆုံးခဲ့ပြီဖြစ် ကြောင်း ပြောကြားခဲ့သည်။ 
ဟားမားစ်နှင့် ကြားဝင်စေ့စပ် နိုင်ငံများဖြစ်ကြသည့်   အီဂျစ်၊ ကာတာနှင့်      အမေရိကန် ပြည်ထောင်စုတို့သည်   ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် အစ္စရေး ဓားစာခံများ    ပြန်လွှတ်ပေးရေး ဆွေးနွေးလျက်ရှိသည်။ 
သို့သော်လည်း  အစ္စရေးနှင့် ဟားမားစ်တို့ကြား စေ့စပ်ဆွေးနွေး မှုသည် နှောင့်နှေးကြန့်ကြာလျက် ရှိသည်ဟု   နယူးယောက်တိုင်းမ် သတင်း၌ မတ် ၇ ရက်တွင် ဖော်ပြ ခဲ့သည်။ 
ပါလက်စတိုင်း   ပြည်တွင်း သတင်းစာတစ်စောင်ရှိ သတင်း ခေါင်းစဉ်၌ ကိုင်ရိုရှိ စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုကို  တားဆီးလျက်ရှိ သည့်  အမြင်မတူမှုများရှိသည်ဟု ဖော်ပြထားသည်။
တချိန်တည်းတွင်   ဂါဇာ၌ လည်း အာဟာရချို့တဲ့မှုနှင့်   ရေ ဓာတ်ခန်းခြောက်မှုကြောင့် သေဆုံး သူ ၂၀ အထိ   တိုးလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောသည်။      အဆိုပါ    ပမာဏ မှာ  ဆေးရုံရောက်ရှိသည့်အပေါ် စစ်တမ်းကောက်ယူမှုအရ ထုတ် ပြန်မှုသာဖြစ်ကြောင်းနှင့် စာရင်း မဖော်ပြနိုင်သည့်     ငတ်မွတ် ခေါင်းပါးပြီး သေဆုံးသူ နောက်ထပ် ဒါဇင်ချီရှိနိုင်သည်ဟု ကျန်းမာရေး အာဏာပိုင်များက ပြောသည်။ 
ဂါဇာကမ်းမြောင်ဒေသတွင် လူမျိုးတုံး    သတ်ဖြတ်ခြင်းကို တားဆီးရန်နှင့် ပါလက်စတိုင်းများ ထံ လူသားချင်းစာနာထောက်ထား မှုအကူအညီများ    ရောက်ရှိရန် ဖြစ်နိုင်သမျှသော     အရေးယူ ဆောင်ရွက်ချက်များကို     လုပ် ဆောင်မည့်အိုင်စီဂျေ၏ အမိန့်ကို အစ္စရေးဘက်က  လိုက်နာဆောင် ရွက်သွားရန်   တောင်အာဖရိက အိုင်စီဂျေကို တောင်းဆိုထားသည်။ 
အစ္စရေးတပ်ဖွဲ့သည်   ဂါဇာ တွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက် သည်ဟုဆိုသည့် တောင်အာဖရိက ၏ပြောဆိုချက်ကို  တုံ့ပြန်သည့် အနေဖြင့် အိုင်စီဂျေသည် ဇန်နဝါရီ လတွင်  အမိန့်တစ်ရပ်ထုတ်ပြန် ခဲ့သော်လည်း အစ္စရေးက လိုက်နာ ခြင်းမရှိကြောင်း တောင်အာဖရိက ပြောသည်။ 
ဂါဇာအခြေအနေသည်  ယခု အချိန်တွင် ပိုဆိုးလာပြီဖြစ်ကြောင်း နှင့် လွန်ခဲ့သောသီတင်းပတ်တွင် ပါလက်စတိုင်း  ကလေးငယ်များ အစာငတ်သေဆုံးခဲ့သည်ဟု တောင် အာဖရိကပြောသည်။ 
အင်န်အိတ်ချ်ကေ
      


