ဝါအထွက်နှုန်းများတိုးတက်စေရေး လိုအပ်သည့်စိုက်နည်းစနစ်များ၊ သွင်းအားစုများ စီမံတွက်ချက်ဆောင်ရွက်ရန်လို

 

နေပြည်တော်    မတ်    ၇


ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေးပွဲကို  ယနေ့ မွန်းလွဲ  ၂  နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေးသည်။     


ညှိနှိုင်းဆွေးနွေးပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်     ဒုတိယ ဗိုလ်ချုပ်ကြီး   ညိုစော၊     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ချာလီသန်း၊     စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးထွန်းအုံ၊  ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ    တက်ရောက် ကြသည်။


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ဖေဖော်ဝါရီလ အတွင်း ကျင်းပခဲ့သည့်  ဝါသီးနှံ၊ ဆီထွက် သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေး ပွဲတွင်  မိမိအနေဖြင့်    ဝါထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့်       ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ပြီး     ဖြစ်ကြောင်း၊  မိမိတို့နိုင်ငံတွင်   ဝါများ    စိုက်ပျိုးထွက်ရှိ သော်လည်း    ဝါဂွမ်းကို   စနစ်တကျဖြင့် ထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိ ဝါစိုက်ဧက ၅ သိန်း၌ ၁ ဧကလျှင် ပိဿာ ချိန် ၇၀၀ ခန့်ထွက်ရှိမည်ဆိုပါက လူဦးရေ သန်း ၅၀  တွင်  တစ်ဦးလျှင်  ချည်ပိတ် ကိုက် ၃၀ ခန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌       လက်ရှိထွက်ရှိနေသည့် ဝါကုန်ကြမ်းများကို   ချည်ချောများ  ထုတ် လုပ်နိုင်မည်ဆိုပါက    ပြည်ပမှချည်ထည် များ တင်သွင်းနေရမှုကို  လျှော့ချနိုင်မည် ဖြစ်သဖြင့်   အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍    ဆွေးနွေးပြောကြားစေလို ကြောင်း။


ဝါဗိုင်းငင်သည့်  စက်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင်  အဆင့်မီစွာဖြင့်   ဆောင် ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ဝါစိုက်ပျိုးမှု များမှ ထွက်ရှိသည့် ဝါများကို ဗိုင်းငင်ခြင်း အားဖြင့်  ဝါဂွမ်း၊လင်တာဂွမ်း(အမျှင်တို) နှင့်ဝါစေ့များ ထွက်ရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း  ပိုမိုရရှိလာမည် ဖြစ်ကြောင်း၊  ဝါစေ့များကို ဆီကြိတ်သည့် လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဆီစက် လုပ်ငန်းများလည်ပတ်လာပြီး    အလုပ် အကိုင်အခွင့်အလမ်းများ     ရရှိမည်ဖြစ် သည့်အပြင်     ဝါစေ့ကြိတ်ဖတ်များအား တိရစ္ဆာန်အစာများအဖြစ်   ထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း၊  ဝါဂွမ်းများမှတစ်ဆင့် ချည်ထည်ပစ္စည်းများကို    ထုတ်လုပ်နိုင် မည်ဖြစ်သဖြင့် ရက်ကန်းစက်များ လည်ပတ် နိုင်ခြင်း၊ ရရှိလာသည့် အထည်အလိပ်များ ကို   အထည်ချုပ်လုပ်ငန်းများ    လုပ်ကိုင် ခြင်း စသည့်  အလုပ်အကိုင်အခွင့်အလမ်း များကို     ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ချည်မျှင်နှင့် အထည်အလိပ်နှင့်ပတ်သက် ၍         ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်ခြင်းကြောင့်    နိုင်ငံအတွက် များစွာ   အကျိုးဖြစ်ထွန်းစေမည်      ဖြစ် ကြောင်း။


လက်ရှိဝါစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်း များမှတစ်ဆင့်  တိုင်းပြည်စီးပွားရေးကို ကောင်းမွန်တိုးတက်အောင်  အထောက် အကူပြုနိုင်ရမည်ဖြစ်ကြောင်း၊ ဝါအထွက် နှုန်းများတိုးတက်စေရေး    လိုအပ်သည့် စိုက်နည်းစနစ်များ၊    သွင်းအားစုများနှင့် အောင်ရေများရရှိရေးအတွက်  ရေရှည်ကို ကြည့်၍ စီမံတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးထွက်ရှိသည့်  ဝါများကို သိုလှောင်၍    လုပ်ငန်းများကို    စဉ်ဆက် မပြတ်          ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အလုပ်အကိုင်      အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့်  အလုပ် လက်မဲ့ရာခိုင်နှုန်းကို  လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း၊  ထို့ကြောင့် အဓိကအားဖြင့် ဝါအထွက်နှုန်းများတိုးတက်စေရေး ဦးစား ပေးဆောင်ရွက်သွားရမည်    ဖြစ်သဖြင့် ရည်မှန်းချက်များချမှတ်၍     ဆောင်ရွက် သွားရန်လိုကြောင်း။


ထွက်ရှိလာသည့် ဝါများအား ကုန်ချော ချည်နှင့်      ပိတ်များ       ထုတ်လုပ်နိုင်ရေး အတွက် လိုအပ်သည့်  ရင်းနှီးမြှုပ်နှံမှုများ ကို ဖိတ်ခေါ်ဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင်  ဝတ်ရေးနှင့်ပတ်သက်၍ ဖူလုံသင့်သလောက်ဖူလုံမှုမရှိသဖြင့် ပြည်ပ မှ နှစ်စဉ်တင်သွင်းနေရကြောင်း၊ အဆင့်မီ သည့် ချည်ထည်များကို ထုတ်လုပ်နိုင်ခြင်း ဖြင့်    မိမိတို့နိုင်ငံအတွင်း     အထည်ချုပ် လုပ်ငန်းများ တိုးတက်လာပြီး နိုင်ငံအတွက် လိုအပ်သည့်     အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါအထွက်နှုန်းများ    တိုးတက်စေရေးနှင့် ဝါကုန်ကြမ်းများမှ       အဆင့်မီသည့် ချည်ထည်များ ထုတ်လုပ်နိုင်ရေးလိုအပ်သည်များကို ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်း  ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးများနှင့် 
တက်ရောက်လာကြသူများက 
ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊    ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ဝါစိုက်ပျိုး မှုဧကနှင့်ထွက်ရှိမှု၊    ပြည်တွင်းမှထွက်ရှိ သည့် ဝါကုန်ကြမ်းအပေါ်မူတည်၍ အလုပ် အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေး နိုင်မှု၊ နိုင်ငံပိုင်နှင့်ပုဂ္ဂလိက ဝါကြိတ်စက်ရုံ များမှ ကြိတ်ခွဲထုတ်လုပ်နိုင်မှု၊ ဝါကြိတ်စက် များလိုအပ်မှုနှင့်  ဝါကြိတ်ခွဲပုံအဆင့်ဆင့် လုပ်ငန်းဆောင်ရွက်မှု၊  ပြည်ပနိုင်ငံများမှ အသုံးပြုလျက်ရှိသည့် ဝါကြိတ်စက်များ၏ အလုပ်လုပ်ပုံအဆင့်ဆင့်နှင့် ချည်ချောများ ထုတ်လုပ်မှုအဆင့်ဆင့်၊       ပြည်ပမှချည် ထုတ်လုပ်မှုအတွက်လိုအပ်သည့် ကုန်ကြမ်း များ ဝယ်ယူတင်သွင်းရမှုနှင့်  ပြည်တွင်းမှ ထွက်ရှိသည့်    ဝါဂွမ်းများကို   ပြည်ပသို့ နှစ်စဉ်တင်ပို့နေမှု၊    ပြည်တွင်းမှထွက်ရှိ သည့်   ဝါအမျိုးအစားအလိုက်   ချည်မျှင် စက်ရုံများမှ    ချည်များ     ရက်လုပ်နိုင်မှု၊ ပြည်တွင်း၌ နိုင်ငံတော်ပိုင်ဘိလပ်မြေစက်ရုံ များနှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံများ မှ       လုပ်ငန်းဆောင်ရွက်လျက်ရှိမှုနှင့် ထုတ်လုပ်မှုများ  တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုတို့နှင့်  ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များအပေါ် 
လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး


တင်ပြချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်က    ဖြည့်စွက်ဆွေးနွေးပြော ကြားရာတွင်  မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ ထုတ်လုပ် နိုင်ရန်လိုကြောင်း၊    ပြည်တွင်းမှထွက်ရှိ သည့် ဝါဂွမ်းများကို  ပြည်တွင်းဈေးကွက် တွင်  ရောင်းချနိုင်ရေးနှင့်  ချည်ကုန်ချော များ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ် နိုင်ရေး     ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင် နှင့်    အထည်အချုပ်လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစွာ အရည်အသွေး ကောင်းသော (A)အဆင့်ရှိဝါများပြောင်းလဲ စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ ထိုမှတစ်ဆင့် ထွက်ရှိလာသည့်      ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးနှင့်  ပိတ်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေး စက်ကိရိယာ များလိုအပ်ကြောင်း၊ ချည်ချောများ ထုတ် လုပ်နိုင်ရေး၊ ပိတ်အဖြစ်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရာတွင်    လုပ်ငန်းများအလိုက် ဦးတည်ချက်များချမှတ်၍  တစ်ဆင့်ချင်း အောင်မြင်အောင်        ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ် ဆောင်ရွက်သွားရန်        လိုကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးမှာကြားပြီး    သိရှိလို သည်များ   မေးမြန်းကာ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး    အစည်း အဝေးကို  ညနေ ၅ နာရီခွဲတွင် ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်