ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရား ၁၁ ဆူကို မိုးကြိုးလွှဲတပ်ဆင်ပြီးစီး

 

ညောင်ဦး  မတ်  ၆
မန္တလေး      တိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရား   ၁၁ ဆူကို မိုးကြိုးလွှဲ တပ်ဆင်မှုလုပ်ငန်းများ မတ် ၆ ရက်က    အားလုံး ဆောင်ရွက်ပြီးစီးပြီ   ဖြစ်ကြောင်း သိရသည်။ 
ကွင်းဆင်းကြည့်ရှု
အဆိုပါ    ပုဂံရှေးဟောင်း ယဉ်ကျေးမှု        အမွေအနှစ်     ရှေးဟောင်းဘုရား   ၁၁  ဆူကို အဆောက်အဦ ဦးစီးဌာန လျှပ်စစ် ဌာနခွဲမှတာဝန်ယူ  တပ်ဆင်ခဲ့ရာ     ယနေ့တွင်   စူဠာမဏိဘုရားနှင့်   ပံ့သကူ     မဟာထေရ်ဘုရား    မိုးကြိုးလွှဲ  တပ်ဆင်ဆောင်ရွက်      ပြီးစီးမှု   အခြေအနေများကို       မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးနန်းတင့်နှင့်   အဖွဲ့ဝင် များ    ကွင်းဆင်းကြည့်ရှုသည်။
လုပ်ငန်းအားလုံ ပြီးစီး
ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသအတွင်းရှိ    ဓမ္မရာဇက ဘုရား၊     ထီးလိုမင်းလိုဘုရား၊ မြစေတီ၊ မနုဟာ၊ ရွှေဆံတော်၊ ဓမ္မရံကြီး၊ မဟာဗောဓိ၊ ပြဿာဒ် ကြီး၊ စူဠာမဏိ၊   ပံ့သကူမဟာ ထေရ်၊ သိကြားပုန်းဘုရားစသည့် ရှေးဟောင်းဘုရား ၁၁ ဆူအား မိုးကြိုးလွှဲတပ်ဆင်ခြင်းလုပ်ငန်းများကို      ဇန်နဝါရီလမှစတင် ဆောင်ရွက်ခဲ့ရာ      ယနေ့တွင် လုပ်ငန်းအားလုံး        ပြီးစီးပြီ ဖြစ်သည်။                      

ဒီပါလင်း