
နေပြည်တော် မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ ကို မတ် ၅ ရက်က တပ်မတော်မှ ဓာတုဗုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့ ကြောင်း သတင်းတု၊ သတင်းအမှား များကို တရားမဝင်ပြည်ဖျက် မီဒီယာများက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပြည်သူများ အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက် ပြီး သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ကနီမြို့ကို တပ်မတော်မှ ဓာတုဗုံးအသုံးပြု ၍ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယခင်တိုက်ပွဲများတွင် လည်း ၎င်းတို့ ထိခိုက်သေဆုံးမှု များပြားသည့် အချိန်များတွင် ထိုကဲ့သို့ တရားမဝင်ပြည်ဖျက် မီဒီယာများမှတစ်ဆင့် ဓာတုဗုံး များနှင့် အဆိပ်ငွေ့ဗုံးများကို တပ်မတော်မှ အသုံးပြုတိုက်ခိုက်ခဲ့ ကြောင်း သတင်းတု၊ သတင်းအမှား များဖြင့် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်