မုံရွာမြို့နယ် ခိုးသန်းကျေးရွာ ဒုတိယအကြိမ် မီးရှို့ခံရပြီး အိမ်ခြေတစ်ရာနီးပါး ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  မတ်   ၆
စစ်ကိုင်းတိုင်းဒေသကြီး      မုံရွာ မြို့နယ်      ခိုးသန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ   လုံခြုံ ရေးတပ်ဖွဲ့ဝင်များက မတ် ၁ ရက် နှင့်  ၅  ရက်တို့တွင်   ဝင်ရောက် မီးရှို့ခဲ့ခြင်းကြောင့် အိမ်ခြေတစ်ရာ နီးပါးပျက်စီးခဲ့ကြောင်း     တရား မဝင်    ပြည်ဖျက်မီဒီယာများက ပြည်သူများ  အထင်အမြင်လွဲမှား ဖွယ် သတင်းတု၊ သတင်းအမှားများ ကို        လူမှုကွန်ရက်ပေါ်တွင် တစ်ဖက်သတ်စွပ်စွဲရေးသားထား သည်ကို တွေ့ရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်  ၎င်းရက်များတွင်   ခိုးသန်း ကျေးရွာနှင့် အနီးတစ်ဝိုက်တို့တွင်  နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ ခြင်း၊ သွားရောက်ခဲ့ခြင်းများ မရှိ ကြောင်းနှင့် ဒေသခံပြည်သူအချို့ ၏ သတင်းပေးပို့မှုအရ မတ် ၄ ရက်တွင် အဆိုပါကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့များ   ရောက်ရှိ လာခဲ့ကြောင်း သိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏   အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ်စောင့် ရှောက်လျက်ရှိပြီး နယ်မြေလုံခြုံ ရေးနှင့်  ရပ်ရွာအေးချမ်းသာယာ ရေးတို့ကိုလည်း   ဒေသခံပြည်သူ များနှင့်အတူ    လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများ နှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက   ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့် စေရန်နှင့်    လုံခြုံရေးတပ်ဖွဲ့ဝင် များကို အထင်အမြင်လွဲမှားစေရန် အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။         
သတင်းစဉ်