ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   မတ်   ၆
ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်ခိုင်ဝင်းသည်  တာဝန်ပြီးဆုံး၍  ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ  သံအမတ်ကြီး  H.E. Mr. J.M.J.P. Bandara အား ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
 အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ်  မြန်မာနိုင်ငံဆိုင်ရာ  သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးက  မြန်မာနိုင်ငံအနေဖြင့်  သီရိလင်္ကာ နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း တန်ဖိုး ရှိသည့် ဆေးနှင့်ဆေးပစ္စည်းများအား မိမိတို့ အခက် အခဲရှိသည့်အချိန်တွင်     ကူညီထောက်ပံ့ပေးသည့် အတွက်  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ ကျန်းမာရေး ဝန်ကြီးဌာန၊ မြန်မာပြည်သူ ပြည်သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားပြီး နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ   ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေး၊   အထူးသဖြင့်      ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းဆေးပညာကဏ္ဍ၊     ပုဂ္ဂလိကကျန်းမာရေး ကဏ္ဍတို့တွင်  ဆက်လက်၍  ပိုမိုပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များ၊          ကျန်းမာရေးပညာရပ်ဆိုင်ရာ အတွေ့အကြုံအသိပညာများ    အပြန်အလှန်နှီးနှော ဖလှယ်ရေးကိစ္စရပ်များ၊       အနာဂတ်ကာလတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်  ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
လက်ဆောင်ပစ္စည်းပေးအပ်
 တွေ့ဆုံပွဲအပြီးတွင်      ကျန်းမာရေးဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီးနှင့်   မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးတို့သည်  အမှတ်တရ လက်ဆောင်ပစ္စည်းများ    အပြန်အလှန်   ပေးအပ် ကြသည်။ 
တက်ရောက်
အဆိုပါ  တွေ့ဆုံပွဲသို့  ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  ကုသရေးဦးစီးဌာန   ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။  
သတင်းစဉ်