အိန္ဒိယနိုင်ငံ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတကာရေတပ်လေ့ကျင့်ခန်း (MILAN-2024) နှင့် (၆)ကြိမ်မြောက် အိန္ဒိယ-မြန်မာရေတပ်ဆိုင်ရာလေ့ကျင့်ခန်း (6th IMNEX) သို့ တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များပါဝင်သော စစ်ရေယာဉ်(ဆင်ဖြူရှင်) ပြန်လည်ရောက်ရှိ

 

နေပြည်တော်  မတ်  ၆


အိန္ဒိယနိုင်ငံ  Visakhapatnam မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံ တကာရေတပ်     လေ့ကျင့်ခန်း (MILAN-2024) နှင့် (၆)ကြိမ် မြောက် အိန္ဒိယ - မြန်မာ ရေတပ် ဆိုင်ရာ လေ့ကျင့်ခန်း (6th IMNEX) သို့တက်ရောက်ခဲ့သည့် တပ်မတော် (ရေ)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ကြီး   ဇော်ဦး      ဦးဆောင်သော စစ်ရေယာဉ်  (ဆင်ဖြူရှင်)   သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည်ရောက်ရှိရာ  ရေတပ်လေ့ကျင့်ရေး    ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းလူ နှင့် တပ်မတော်(ရေ) မှ အရာရှိ၊ စစ်သည်၊  မိသားစုများက ကြိုဆို နှုတ်ဆက်ကြသည်။


အဆိုပါ   နိုင်ငံတကာရေတပ် လေ့ကျင့်ခန်း (MILAN-2024) ကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၇ ရက် အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ နိုင်ငံမှ စစ်ရေယာဉ်(ဆင်ဖြူရှင်) အပါအဝင်  နိုင်ငံပေါင်း ၁၄ နိုင်ငံ မှ   စစ်ရေယာဉ်   ၁၃   စင်းနှင့် ကင်းထောက် လေယာဉ်တစ်စင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ခရီး စဉ်အတွင်း ဆိပ်ကမ်းအခြေပြုစဉ် International Maritime Semi-nar သို့ နိုင်ငံပေါင်း  ၄၇ နိုင်ငံနှင့် အတူ တက်ရောက်ခြင်း၊ Subject Matter Expert Exchange Pro-gram သို့ တက်ရောက်ဆွေးနွေး ခြင်း၊  MILAN  Young  Officer Interaction      အစီအစဉ်တွင် အရာရှိငယ်များ    အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆိပ်ကမ်း အခြေပြု         လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ International City Parade ၌ ပါဝင်ဆောင်ရွက် ခြင်း၊  MILAN  Village  ၌ နိုင်ငံ တကာယဉ်ကျေးမှုပြပွဲတွင် ကပြ ဖျော်ဖြေခြင်းနှင့်     မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ ခင်းကျင်းပြသ ခြင်း၊ ဗုဒ္ဓဂယာနှင့် တာ့ချ်မဟာ  (Taj   Mahal)  သို့   သွားရောက် လည်ပတ်ခြင်းများ    ဆောင်ရွက် ကြပြီး နိုင်ငံတကာစစ်ရေယာဉ် များနှင့်ပူးပေါင်း၍   ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့ကြသည်။ 


ထို့ပြင် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂ ရက်အထိ ဆောင်ရွက်ခဲ့ သည့် (၆) ကြိမ်မြောက် အိန္ဒိယ-မြန်မာ ရေတပ်ဆိုင်ရာလေ့ကျင့် ခန်း (6th IMNEX) တွင် ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်းများ ဆောင် ရွက်ခြင်း၊ စစ်ရေယာဉ်များ အပြန် အလှန်လေ့လာခြင်း၊      အိန္ဒိယ စစ်ရေယာဉ် INS Kamorta (P 28) နှင့်ပူးပေါင်း၍       ပင်လယ်ပြင် လက်တွေ့     လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့သည်။ စစ်ရေယာဉ် (ဆင်ဖြူရှင်)ဖြင့် ယခုသွားရောက် ခဲ့သည့် ခရီးစဉ်အသွား/အပြန် သည် စုစုပေါင်းရေမိုင် ၂၆၅၀ ခန့် ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်