
ဂျီနီဗာ မတ် ၅
ကလေးငယ်များ ငတ်မွတ် ခေါင်းပါးမှုဘေးနှင့် အလွန်အမင်း ကြုံတွေ့နေရကြောင်းပြောကြား ပြီး ဂါဇာကမ်းမြောင်တွင် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘော တူညီမှုရယူရန် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က အစ္စရေးကို တောင်းဆို ထားကြောင်း နိုင်ငံတကာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ဂါဇာမြောက်ပိုင်းသွားရောက်
အဖွဲ့ဝင်များသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဂါဇာကမ်း မြောင်မြောက်ပိုင်းသို့ သွားရောက် ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက် ဒရိုစ် အက်ဟာနွမ် ဂျီဘရီယက် ဆုစ်က မတ် ၄ ရက်တွင် ၎င်း၏ လူမှုမီဒီယာ၌ ရေးသားဖော်ပြ ခဲ့သည်။
ဆိုးရွားသောခြိမ်းခြောက်မှု
ထို့အပြင် ဒေသရှိတစ်ခုတည်း သော ကလေးဆေးရုံတွင် လူနာ များဖြင့် ပြည့်နှက်နေကြောင်း၊ စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ကလေးငယ် ၁၀ ဦး သေဆုံးခဲ့ ကြောင်း၊ လျှပ်စစ်ဓာတ်အားပြတ် တောက်မှုကလည်း လူနာများ ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ဆိုးရွားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာကြောင်း၊ အထူးသဖြင့် အထူးကြပ်မတ် ကုသဆောင်နှင့် မွေးကင်းစ ကလေးဆောင်တို့ ကဲ့သို့သော အရေးကြီးသည့်နေရာ များတွင်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ပစ်ခတ်မှုရပ်စဲရေး
အဆိုပါလူနာအားလုံးအတွက် အဓိကလိုအပ်သည့် ဆေးမှာ ငြိမ်းချမ်းရေး သို့မဟုတ် ပစ်ခတ်မှု ရပ်စဲရေးဖြစ်ကြောင်း ဂျီဘရီယက် ဆုစ်က ပြောသည်။
အင်န်ချိတ်ချ်ကေ