
ဝါရှင်တန် မတ် ၅
အမေရိကန်ပြည်နယ်တချို့ရှိ မဲဆန္ဒရှင်များသည် မတ် ၅ ရက် (စူပါအင်္ဂါနေ့)တွင် ရီပတ်ဘလီကင် ပါတီကိုယ်စားလှယ်အကြိုရွေးကောက်ပွဲ၌ စတင် ဆန္ဒမဲပေးခဲ့ကြသည်။
အမေရိကန်သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ လတွင် ကျင်းပမည်ဖြစ်သည်။ ယခု ရွေးကောက်ပွဲ သည် အမေရိကန်နိုင်ငံ၌ အဓိက ရွေးကောက်ပွဲ မတိုင်မီ ပြည်နယ်တချို့တွင် ဦးစွာကျင်းပရသည့် ပါတီကိုယ်စားလှယ် အကြိုရွေးကောက်ပွဲဖြစ် သည်။
ရီပတ်ဘလီကင်ပါတီ ကိုယ်စားလှယ်အကြို ရွေးကောက်ပွဲများကို မတ် ၅ ရက်တွင် ပြည်နယ်ပေါင်း ၁၅ ခု၌ ကျင်းပခဲ့သည်။
ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ် ထရမ့်သည် ရီပတ်ဘလီကင်ပါတီ၏ သမ္မတလောင်း အဖြစ် ဦးဆောင်လျက်ရှိသည်။ ယခုအချိန်အထိ ဒေါ်နယ်ထရမ့်သည် ပြည်နယ်ရှစ်ခုနှင့် အမေရိကန် ဗာဂျင်းကျွန်းဒေသတွင် အောင်မြင်မှုများရရှိလျက် ရှိသည်။
ကုလသမဂ္ဂသံအမတ်ဟောင်း နစ်ကီဟာလေး သည် ကိုလံဘီယာဒေသ၌ကျင်းပသော ပါတီကိုယ်စား လှယ်အကြိုရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည်။
နိုင်ငံတစ်ဝန်း သဘောထားစစ်တမ်းကောက်ယူမှု ပျမ်းမျှသဘောတူထောက်ခံနှုန်းတွင် ထရမ့်သည် ဟာလေးကို အမှတ် ၆၀ အသာဖြင့် ဦးဆောင်လျက် ရှိသည်။
မဲများကို မတ် ၅ ရက် နှောင်းပိုင်းတွင် စတင် ရေတွက်မည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ