ရမည်းသင်းမြို့နယ် စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို့ နိုင်ငံတစ်ဝန်းမှ ပေါ်တာဆွဲခံရသော လူငယ် ၄၀၀ ကျော်ကို စစ်သင်တန်းတက်ရောက်ရန် ပို့ဆောင်လိုက်ကြောင်း ကောလာဟလသတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  မတ်  ၅
ရမည်းသင်းမြို့နယ်ရှိ စစ်အခြေခံလေ့ကျင့် ရေးသင်တန်းကျောင်းသို့ မတ်  ၂ ရက်က ၁၂ ဘီး ကားအစီး ၂၀ ဖြင့် လူငယ် ၄၀၀ကျော် ရောက်ရှိနေကြောင်း၊ အဆိုပါ လူငယ်များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊   စစ်ကိုင်းတိုင်း  အပါအဝင် မြို့ကြီးများမှ ပေါ်တာဆွဲခံရသည့် လူငယ် များဖြစ်ကြောင်း    တရားမဝင်ပြည်ဖျက် မီဒီယာ Khit Thit က  ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍    ကောလာဟလ သတင်းအမှားများကို    မိဘပြည်သူများ   စိုးရိမ်ထိတ်လန့်စေရန်အတွက်   ရည်ရွယ် ချက်ရှိရှိ    လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။
အဆိုပါ    သတင်းနှင့်ပတ်သက်၍ ရမည်းသင်းမြို့နယ်ရှိ စစ်အခြေခံလေ့ကျင့် ရေးသင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦး ၏   ပြောကြားချက်အရ   ၎င်းရက်နေ့တွင် စစ်သင်တန်းတက်ရောက်ရန် ၁၂ ဘီးကား အစီး ၂၀ ဖြင့် လူငယ် ၄၀၀ ကျော် ရောက်ရှိ ခြင်း  မရှိကြောင်းနှင့်   ယင်းသတင်းသည် ကောလာဟလ သတင်းအမှားများသာ ဖြစ် ကြောင်း သိရသည်။
ထိုသို့ တရားမဝင်ပြည်ဖျက်မီဒီယာများ နှင့်        ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက ပြည်သူများ၊ လူငယ် လူရွယ်များ စိုးရိမ်ထိတ်လန့်စေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်   အုပ်ချုပ်ရေး အဖွဲ့အစည်းများက စစ်မှုထမ်းရန် ပေါ်တာ ဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီး ခြင်း စသည့်ကောလာဟလသတင်းအမှား များဖြင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု မရှိစေရန်အတွက် ဝါဒဖြန့်လှုံ့ဆော်နေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။  
သတင်းစဉ်