တန့်ဆည်မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  မတ်  ၅
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည် မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခြင်း၊ ကျေးရွာ ကိုးရွာမှ နေအိမ် ၅၆ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းနှင့်   ပြည်သူပိုင် ပစ္စည်းများကို  လုံခြုံရေးတပ်ဖွဲ့ဝင် များက   ယူဆောင်သွားကြောင်း သတင်းတု၊   သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit  က   မဟုတ်မမှန်  လုပ်ကြံ ရေးသားပြီး   ပြည်သူများ  အထင် အမြင်လွဲမှားစေရန်အတွက် လူမှု ကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍ တန့်ဆည်မြို့နယ်မှ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပြည်သူ ၁၁ ဦး ကို  သတ်ဖြတ်ခဲ့ ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ခြင်းနှင့်   ပြည်သူပိုင်ပစ္စည်းများ ကို   ယူဆောင်သွားခြင်း  စသည့် သတင်းများမှာ   မှန်ကန်မှုမရှိဘဲ လုပ်ကြံရေးသားထားခြင်းသာဖြစ် ကြောင်း သိရသည်။
PDF အမည်ခံအကြမ်းဖက် သမားများသည် တန့်ဆည်မြို့နယ် အတွင်း  တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှု   မရှိစေရန် အတွက် အကြမ်းဖက်လုပ်ရပ်များ ကို      လုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီ  ၂၁ ရက်က   ကံထူးမ ကျေးရွာရှိ    နယ်မြေရဲစခန်းကို လာရောက်တိုက်ခိုက်ကာကျေးရွာ ရှိနေအိမ်များနှင့် နယ်မြေရဲစခန်း ကို မီးရှို့ဖျက်ဆီးခဲ့သည်။   ထို့ပြင် ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၄ ရက်၊ ၂၉ ရက်နှင့်   မတ်    ၄   ရက်တို့တွင် လည်း   နယ်မြေလုံခြုံရေးဆောင် ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား လက်လုပ်လက်နက်ကြီး များ၊ ဒရုန်းများဖြင့် နှောင့်ယှက် တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီးနှင့်   လေကြောင်းပစ်ကူယူ၍ ပြန်လည် တိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက် သမားများ      ထိခိုက်သေဆုံးမှု များစွာဖြင့်  ဆုတ်ခွာထွက်ပြေး သွားခဲ့ရပြီး        နယ်မြေ တည်ငြိမ် အေးချမ်းရေးအတွက်  လုံခြုံရေး တပ်ဖွဲ့ဝင်များက  ဒေသခံပြည်သူ များနှင့်အတူ   လက်တွဲပူးပေါင်း ဆောင်ရွက်         လျက်ရှိကြောင်း သတင်းရရှိသည်။        

သတင်းစဉ်