ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဆိုလာအသေးစားဓာတ်အားပေးစနစ် အဓိကအခြေပြု ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အသိပညာမျှဝေခြင်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်

 

နေပြည်တော်   မတ်   ၅


ဆိုလာအသေးစားဓာတ်အားပေးစနစ်    အဓိကအခြေပြု ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ  အသိပညာမျှဝေခြင်း  အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Grand  Amara ဟိုတယ်၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ   ပထမအတွင်းဝန် Mr. Wang Xianzhong ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြို့ပြ နှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေ ရေးတွင်   အခြေခံအကျဆုံး  လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးလင်းရေးကို        ဖြည့်ဆည်းပေးနိုင်ရန် အတွက်   ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များကို အသုံးပြုပြီး မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ကာလတို၊ ကာလရှည်စီမံ ချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း။ 
၂၀၃၀   ပြည့်နှစ်တွင်   တစ်နိုင်လုံး   လျှပ်စစ်  ဓာတ်အားရရှိရေး ရည်မှန်းချက်ဖြင့် မဟာဓာတ်အား လိုင်းနှင့်  ၁၀  မိုင်အထက် ဝေးကွာသော၊ နောင် ၁၀ နှစ်၊ ၁၅ နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အား   မရရှိနိုင်သော  ကျေးရွာများ   လျှပ်စစ် ဓာတ်အားရရှိစေရေးအတွက် မဟာဓာတ်အားလိုင်း ပြင်ပစနစ်   ကျေးလက်မီးလင်းရေးလုပ်ငန်းများကို အိမ်သုံးဆိုလာစနစ်၊ ပြန်ပြည့်မြဲ  စွမ်းအင်အသုံးပြုအသေးစားဓာတ်အားစနစ်များဖြင့်   ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ယခုဘဏ္ဍာရေးနှစ်အထိ  အိမ်သုံး ဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း  ၁၀၀၇၅  ရွာနှင့် အသေးစားဓာတ်အားစနစ် (Mini-Grid)ဖြင့် စီမံကိန်း ကျေးရွာပေါင်း  ၁၇၁ ရွာတွင်  တပ်ဆင်စွမ်းအား  ၄၈ ဒသမ ၉၀၈ မဂ္ဂါဝပ်ခန့်  ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်၍ လူဦးရေ  ၂ ဒသမ ၅ သန်း အကျိုးပြုနိုင်ခဲ့ပါကြောင်း၊ ယခုအခါ  မဟာဓာတ်အားလိုင်းပြင်ပဧရိယာ၏ ၃၉ ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်ခဲ့ပါကြောင်း၊ မီးလင်းရေး လုပ်ငန်းများ  ဆောင်ရွက်ရာတွင်   လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်သည့်အတွက်  နိုင်ငံတော်ရန်ပုံငွေ တစ်ခုတည်းဖြင့်သာမက    နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်ခဲ့ သလို လက်ရှိတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏   အထောက်အပံ့ဖြစ်သော   မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ကျေးလက် မီးလုပ်ငန်းများ    အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း။
 ယနေ့    ကျင်းပသည့်   အလုပ်ရုံဆွေးနွေးပွဲမှ အသိပညာမျှဝေမှု၊ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ပိုမို ကောင်းမွန်သည့် လုပ်ငန်းပုံစံများချမှတ်နိုင်ရန် နှီးနှော ဖလှယ်မှုဆိုင်ရာ  အခွင့်အလမ်းကောင်းများ  ရရှိလာ စေမည်ဖြစ်ပါကြောင်း၊   သက်ဆိုင်ရာဌာန၊   အဖွဲ့ အစည်းအသီးသီးအနေဖြင့် မိမိတို့၏ အတွေ့အကြုံ များ၊ ဗဟုသုတများကို အခြေခံပြီး ကဏ္ဍရပ်အားလုံး အတွက်   ရှုထောင့်အသီးသီးမှ   ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြား သည်။
ထို့နောက်   မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ  ပထမအတွင်းဝန်  Mr. Wang Xianzhong မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ ဒုတိယညွှန်ကြား ရေးမှူးချုပ်    ဦးအောင်ကျော်မိုးတို့က   အမှာစကား ပြောကြားကြသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်  ဦးသိန်းလွင်က မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု   အထူး ရန်ပုံငွေဆိုင်ရာ ကျေးလက်မီးလင်းရေးလုပ်ငန်းများနှင့် အသေးစားဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်း များ    ဆောင်ရွက်မှုအခြေအနေကို   အကျဉ်းချုပ် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိ သူများက   ဆိုလာအသေးစားဓာတ်အားပေးစနစ်များ ဆောင်ရွက်ရာတွင်   တွေ့ကြုံရသည့်  အတွေ့အကြုံ များ၊   အတားအဆီးများနှင့်   စိန်ခေါ်မှုများကိုလည်း ကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသန နှင့်  တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ   ညွှန်ကြားရေးမှူး ဒေါက်တာ  လှမျိုးအောင်က          ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဆိုင်ရာ နည်းပညာနှင့်အသုံးချနိုင် မှုများကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနမှ  လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခိုင်စန္ဒာဦးက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင်  ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များ       အသုံးပြုမှုနှင့် ရှေ့အလားအလာများကိုလည်းကောင်း၊    Inner Mongolia University of Technology, China မှ Professor Dr. Yan JIA နှင့် Professor Charlie DOU တို့က အသေးစား ဓာတ်အားပေးစနစ်ဆိုင်ရာ ဆိုလာစွမ်းအင်သုံး  ထုတ်လုပ်မှုနည်းပညာရပ်ဖွံ့ဖြိုး ရေးနှင့်တိုးတက်မှုအခြေအနေများ၊  ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိမှုတွင်      ဆိုလာအသေးစား ဓာတ်အားပေးစနစ်   ရေရှည်ဖွံ့ဖြိုးစေရေးအတွက် အဓိကအချက်များကိုလည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန  တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်က တနင်္သာရီ တိုင်းဒေသကြီး၏ လျှပ်စစ်စွမ်းအင်ရရှိမှုအခြေအနေနှင့် အသုံးပြုလျက်ရှိသော  စွမ်းအင်ရင်းမြစ်များကိုလည်းကောင်း၊  မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်း ဥက္ကဋ္ဌ  ဦးသန်းဌေးက  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြင့်          ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို လည်းကောင်း  ဆွေးနွေးတင်ပြကြရာ တက်ရောက် လာသူများက   သိရှိလိုသည်များ  မေးမြန်းမှုအပေါ် ကဏ္ဍအလိုက်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန    အမြဲတမ်းအတွင်းဝန်   ဦးခန့်ဇော်က ပုဂ္ဂလိကလုပ်ငန်းရှင်များ၊  သက်ဆိုင်ရာဦးစီးဌာနများ တာဝန်ရှိသူများ၏ ဆွေးနွေးချက်များအပေါ် လိုအပ် သည်များ   ဖြည့်စွက်ဆွေးနွေး   အကြုံပြုခဲ့ကြောင်း သိရသည်။  

                                       
 သတင်းစဉ်