နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်   မတ်   ၅
ပြည်သူ့စစ်မှုထမ်း  ဥပဒေဆိုင်ရာ များ သိရှိနားလည်စေရန်၊ ပြည်သူ လူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင် ပံ့ပိုးကူညီ    ဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်        မီဒီယာများနှင့် တရားမဝင်   သတင်းဌာနများ၏ ပြည်သူ့စစ်မှုထမ်း    ဥပဒေဆိုင်ရာ သတင်းမှားများကို     အယုံလွယ် လမ်းမှားမရောက်ရှိစေရေးအတွက် တရားဝင်      သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ    ဖတ်ရှု လေ့လာနိုင်ရေး    အသိပညာပေး ဆောင်ရွက်ရန်     ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း  ဥပဒေဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်     နယ်စပ်ရေးရာ ဝန်ကြီးဌာန     စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့     နယ်စပ် ရေးရာ ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်ချုပ်   ဖြိုးသန့်၊    အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊  ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ  အရာထမ်း၊ အမှုထမ်းများ တက်ရောက်သည်။
ဦးစွာ     ဒုတိယဝန်ကြီးက  မိမိတို့      ဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သား  စည်းလုံးညီညွတ်မှု  မပြိုကွဲ ရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေး ၃ ပါးသည်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ထာဝရတည်တံ့ ခိုင်မြဲစေရန်အတွက်   စောင့်ထိန်း ရမည့်     အမျိုးသားရေးတာဝန် ဖြစ်သဖြင့်     အလေးအနက်ထား လိုက်နာကျင့်ကြံ နေထိုင်သွားကြရ မည်ဖြစ်ကြောင်း၊    ဝန်ထမ်းများ အနေဖြင့်  နိုင်ငံ့ဝန်ထမ်းကောင်း များ  ပီသစွာဖြင့်   နိုင်ငံတော်က ထုတ်ပြန်ထားရှိသည့်   အမိန့်နှင့် ညွှန်ကြားချက်များ၊ ပေးအပ်ထား ရှိသည့် တာဝန်များကို    ဦးလည် မသုန်  ကြိုးပမ်းဆောင်ရွက်သွား ကြရန်၊  ကောင်းမွန်ပြီးဖြစ်သည့် မိမိတို့ဝန်ကြီးဌာန၏     ပုံရိပ်ကို ဆက်လက်ထိန်းသိမ်း၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်   ဖွံ့ဖြိုး တိုးတက်ရေး    လုပ်ငန်းစဉ်များ၌ ကျရာအခန်းကဏ္ဍမှ     ဝိုင်းဝန်း ပူးပေါင်းကြိုးပမ်း  ဆောင်ရွက်သွား ကြရန်    မှာကြားပြီး   ဝန်ထမ်းများ ၏    ကျန်းမာရေး၊  စားသောက် နေထိုင်မှု၊ သက်သာချောင်ချိရေး တို့ အတွက်     ဆောင်ရွက်ပေးနေ မှုတို့ကို    ရှင်းလင်းပြောကြားကာ ဝန်ထမ်းများ၏      လိုအပ်ချက် ရှိသည်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။  
 ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ    ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ စီမံကိန်း နှင့် စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး      ဦးခင်မောင်ထွဋ်က  ပြည်သူ့စစ်မှုထမ်း      ဥပဒေ၏ ရည်ရွယ်ချက်များ၊   စစ်မှုထမ်းရ မည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်     ကာလ၊ စစ်မှုထမ်းခြင်းမှ  ကင်းလွတ်ခွင့်ရ မည့်သူများ၊      စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျခံရမည့် ပြစ်ဒဏ် များအကြောင်းနှင့်  ပြည်သူ့စစ်မှု ထမ်းဥပဒေအပေါ် မလိုလားအပ် သည့်  မီဒီယာအချို့၏ ကောလာ ဟလ     လုပ်ကြံသတင်းများနှင့်   စပ်လျဉ်း၍     ရှင်းလင်းဆွေးနွေး တင်ပြပြီး     တက်ရောက်လာသူ များနှင့်     အပြန်အလှန်   မေးမြန်း ဖြေကြား ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။ 
သတင်းစဉ်