
နေပြည်တော် မတ် ၂
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၌ တာဝန်ထမ်း ဆောင်လျက်ရှိသည့် နေပြည် တော်ရှိ အရာထမ်း၊ အမှုထမ်းများ နေထိုင်သည့် အိမ်ရာများနှင့် လူပျိုဆောင်၊ အပျိုဆောင်များ ကို လိုက်လံကြည့်ရှု စစ်ဆေး သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့ သည် အမှုထမ်းများနေထိုင်သည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် ဘူးကွဲအိမ်ရာရှိ အမှုထမ်းအိမ်ရာများနှင့် ဇမ္ဗူ သီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူပျိုဆောင်၊ အပျိုဆောင်များကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပိတောက် အိမ်ရာရှိ အမှုထမ်းအိမ်ရာများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး အိမ်ရာများတွင် နေထိုင်သည့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် အိမ်ရာစည်း မျဉ်း၊ စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရန်၊ စည်းမျဉ်းစည်း ကမ်းများနှင့် အကျုံးမဝင်သူများ၊ မကိုက်ညီသူများနှင့် နေထိုင်ခွင့် မရှိသူများကို မိသားစုအခက်အခဲ များကြောင့် လာရောက်တည်းခို နေထိုင်လိုပါက တိုက်တာဝန်ခံ များထံ သတင်းပို့တင်ပြပြီး ခွင့်ပြု ချက်တောင်းခံသွားရန်၊ အိမ်ရာ များ တွင် အသိပေးကြော်ငြာများ ကပ်နိုင်ရေးအတွက် ကြော်ငြာ သင်ပုန်းများ ထားရှိတပ်ဆင်နိုင် ရေးဆောင်ရွက်သွားရန်၊ ဝန်ထမ်း အချင်းချင်း စည်းစည်းလုံးလုံးဖြင့် မိသားစုစိတ်ဓာတ်ထားရှိပြီး မိမိ တို့နေထိုင်သည့် အိမ်ရာများ ရေရှည်တည်တံ့စေရေး ဝိုင်းဝန်း ထိန်းသိမ်းသွားရန်၊ အိမ်ရာ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေးအတွက် သန့်ရှင်းရေး ပုံမှန်ဆောင်ရွက်သွားရန်နှင့် လုံခြုံ ရေး အထူးဂရုစိုက်ကြရန်၊ မီးဘေး အန္တရာယ်မဖြစ်စေရေး သတိပြု ရှောင်ကြဉ်ရန်နှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်