ဒုတိယဝန်ကြီး ဦးဝင်းဖေ လျှပ်စစ်မော်တော်ယာဉ် ဓာတ်အားဖြည့်သွင်းရုံ ဖွင့်ပွဲအခမ်းအနားများ တက်ရောက် လျှပ်စစ်သုံးယာဉ်များ လက်တွေ့အားဖြည့်နေမှုနှင့် စမ်းသပ်မောင်းနှင်နေမှုတို့ကို ကြည့်ရှုအားပေး

နေပြည်တော် မတ် ၂ Yar Zar Min Industry Co.ltd မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ် မော်တော်ယာဉ် ဓာတ်အားဖြည့် သွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တွတ်ပီ ကွေ့ (၆၂ လမ်း x ၁၂၀ လမ်း) ရှိ ဓာတ်အားဖြည့်သွင်းရုံရှိ ယာယီ မဏ္ဍပ်၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ် သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေး နှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ မန္တလေးတိုင်းဒေသ ကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးအောင်ဇော် ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းမြင့်ထွန်း၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ ဦးစွာ ဒုတိယဝန်ကြီးက ယခု ဖွင့်လှစ်သည့် ပြည်ကြီးတံခွန် မြို့နယ် တွတ်ပီကွေ့ (၆၂ လမ်း x ၁၂၀ လမ်း)ရှိ (EV Charging Sta-tion)သည် တစ်နိုင်ငံလုံးအနေဖြင့် (၁၆)ကြိမ်မြောက် ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ရန်ကုန်၊ နေပြည် တော်၊ မန္တလေးမြို့ကြီးများရှိ (EV Charging Station) များတွင် ကားလေး ၁၀ စီး တစ်ပြိုင်နက် အားသွင်းနိုင်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ (EV Charging Station)များတွင် ကားလေး ၁၀ စီးနှင့် ဘတ်စ်ကားလေးစီး တစ်ပြိုင် တည်း အားသွင်းနိုင်ပြီဖြစ်ကြောင်း၊ မန္တလေးမြို့တွင် ယခုလို(EVChar-ging Station)များ တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့သည့်အတွက် မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိ မြို့များတွင်လည်း လျှပ်စစ်ကားများ အသုံးပြုသွား လာနိုင်တော့မည် ဖြစ်ကြောင်း။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လျှပ်စစ် သုံးယာဉ်များ အားသွင်းနိုင်ရေး မြို့ပြလမ်းကွန်ရက်စနစ်နှင့် ချိတ် ဆက်ပြီး (EV Charging Station) များ အဆင်ပြေကောင်းမွန် အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးပြေးဆွဲအသုံးပြုနိုင်ရေး၊ အဓိကလမ်းမကြီးများ ဖြစ်ကြသည့် ရန်ကုန်-မန္တလေး ပြည်ထောင်စု လမ်းမကြီး၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ပုသိမ် လမ်း၊ ဘုရားကြီး - သထုံ - မော် လမြိုင်လမ်း၊ မိတ္ထီလာ-ကျောက် ပန်းတောင်း - ညောင်ဦးလမ်း၊ မိတ္ထီလာ - တောင်ကြီးလမ်း၊ မန္တလေး-ပြင်ဦးလွင်-လာရှိုးလမ်း စသည့် နိုင်ငံ၏အဓိကလမ်းမကြီး များပေါ်တွင်လည်း ပြေးဆွဲနိုင် အောင် (EV Charging Station) များ တည်ဆောက်ရန် လျာထား စီစဉ်လျက်ရှိကြောင်း ပြောကြား သည်။ ဆက်လက်၍ Yar Zar Min Industry Co.ltd မှ တာဝန်ရှိသူ တစ်ဦးက (EV Charging Station) ဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီး၊ စည်ပင်သာယာရေး ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူတို့က ဓာတ် အားဖြည့်သွင်းရုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး (ဝဲပုံ) ဒုတိယ ဝန်ကြီးက Electric Vehicle Charging Station ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် တက်ရောက်လာ ကြသူများသည် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ (EV Charging Sta-tion) အတွင်း ကြည့်ရှုလေ့လာ ကြပြီး လျှပ်စစ်သုံးယာဉ်များ လက်တွေ့ အားဖြည့်နေမှုနှင့် စမ်းသပ် မောင်းနှင်နေမှုတို့ကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မန္တလေးအပြည် ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပ သည့် Myanmar Arr Thit Man Motor Co.ltd မှ တည်ဆောက် ပြီးစီးသည့် လျှပ်စစ်မော်တော် ယာဉ် ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဒုတိယ ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး Myanmar Arr Thit Man Motor Co.ltd မှ တာဝန်ရှိသူ တစ်ဦးက (EV Charging Station) ဖွင့်လှစ်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက မော်တော် ယာဉ် ဓာတ်အားဖြည့်သွင်းရုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဒုတိယဝန်ကြီးက Electric Vehicle Charging Station ဆိုင်း ဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးသည်။ ယင်းနောက် တက်ရောက်လာ ကြသူများသည် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ (EV Charging Sta-tion)အတွင်း ကြည့်ရှုလေ့လာကြ ပြီး လျှပ်စစ်သုံးယာဉ်များ လက်တွေ့ အားဖြည့်နေမှုနှင့် စမ်းသပ် မောင်းနှင်နေမှုတို့ကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် စကားအင်း - အိုး ထုတ္တန်းလမ်းပိုင်းပေါ်ရှိ အိုးထုတ္တန်း တိုးလ်ဂိတ် လမ်းအသုံးပြုခ ကောက်ခံ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရှိရသည်။ သတင်းစဉ်