ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့) သို့ သွားရောက်စစ်ဆေးကြည့်ရှု

 

နေပြည်တော်   မတ်   ၂


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်   အဖွဲ့သည် ဖေဖော်ဝါရီ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ မူးယစ် ဆေးဖြတ်ပြီးသူများ    ပြန်လည် ထူထောင်ရေးစခန်း   (ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မူးယစ် ဆေးဖြတ်ပြီးသူများ   ပြန်လည် ထူထောင်ရေးသင်တန်းများ ပုံမှန် ဖွင့်လှစ်နိုင်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး   ဟော ပြောမှုများ တိုးမြှင့်ဆောင်ရွက်နိုင် ရေးတို့ကို မှာကြားသည်။


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် စခန်းအတွင်း ရှိ    ရုံးခန်းအဆောင်၊   သင်တန်း သားအိပ်ဆောင်နှင့်   သင်တန်း ဆောင်တို့ကို   လှည့်လည်ကြည့်ရှု စစ်ဆေးပြီး     လိုအပ်သည်များ မှာကြားသည်။ 


မွန်းလွဲပိုင်းတွင်  ပြည်ထောင်စု ဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်အရှေ့ ပိုင်းခရိုင် ဦးစီးမှူးရုံးသို့ ရောက်ရှိ ပြီး     ကာလကြာဟောင်းနွမ်း ဆွေးမြေ့ပြီး    အန္တရာယ်ရှိသော အဆောက်အအုံများကို   လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ဖျက်သိမ်းနိုင်ရေး၊ ကျန်ရှိနေသော အဆောက်အအုံနှင့် ဌာနပိုင်ပစ္စည်း များကို    စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရေး၊   လိုအပ်သည့် နေရာများသို့      ကယ်ဆယ်ရေး ပစ္စည်းများ အချိန်မီပေးပို့နိုင်ရေး တို့ကို     ကြိုးစားဆောင်ရွက်သွား ကြရန်မှာကြားသည်။


ကြပ်မတ်ဆောင်ရွက်


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံ ငွေဖြင့်  ဆောင်ရွက်လျက်ရှိသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့်    ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)တွင် သုံးဘက်သုံးတန် ကာရံနေသော  အုတ်တံတိုင်းနှင့် မြေထိန်းနံရံ     ဆောက်လုပ်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ပြီး  မိုးရာသီကာလတွင်   နှစ်စဉ် ကြုံတွေ့နေရသော ချောင်းရေလျှံ မှုကြောင့်    သိုလှောင်ရုံနှင့်    ရုံး အဆောက်အအုံများ    အတွင်း  ရေဝင်နစ်မြုပ်၍ ကယ်ဆယ်ရေး ပစ္စည်းများနှင့်      ရုံးသုံးပရိဘောဂ များ ပျက်စီးခြင်း၊   ရွေ့ပြောင်းရ ခြင်းများ    မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်နေရသော   လုပ်ငန်း များဖြစ်၍ သတ်မှတ်ကာလအတွင်း    လုပ်ငန်းများပြီးစီးရေး  ကြပ်မတ် ဆောင်ရွက်ရန် မှာကြားသည်။    


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)  သို့    သွားရောက် ကာ    ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများ ကို ကြည့်ရှုပြီး ဘေးသင့်ပြည်သူ များ၏ လတ်တလောစားဝတ်နေ ရေး     လိုအပ်ချက်များအတွက် ဖြည့်ဆည်းပေးရန်ထားရှိခြင်းဖြစ် သည့်အတွက် ပစ္စည်းများ ပျက်စီး ပျောက်ဆုံး    လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့်    ကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ   သက် တမ်းပြည့် သိုလှောင်ထားရှိသုံးစွဲ နိုင်ရေးကို   ထုတ်ပြန်ထားရှိသည့် အမိန့်၊ ညွှန်ကြားချက်များ၊လက်ဆွဲ စာစောင်များနှင့်အညီ   လိုက်နာ ဆောင်ရွက်ကြရန်၊ လိုအပ်သည့် နေရာများသို့ ချက်ချင်းဖြန့်ခွဲပေးပို့ နိုင်ရေးကို  ဆက်လက်ဆောင်ရွက် ကြရန် မှာကြားသည်။ 


ပရိတ်တရားတော်များနာယူ


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်    ယမန်နေ့ နံနက်ပိုင်းက    ဘေးအန္တရာယ် ဆိုင်ရာ       စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး အဆောက်အအုံသစ်   အန္တရာယ် ကင်းပရိတ်တရားတော်နာ မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး ဆရာတော်၊    သံဃာတော်များ အား   လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ကာ    ဝန်ထမ်းများနှင့် အတူ အန္တရာယ်ကင်းပရိတ်တရား တော်များ    နာယူကြည်ညိုခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်