
နေပြည်တော် မတ် ၂
ပြည်ထောင်စုဝန်ကြီးနှင့် ပြည် ထောင်စုရှေ့နေချုပ်နှင့် တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝင် ဥပဒေချုပ်များ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ စတုတ္ထ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန မြေညီ ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး နှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဥပဒေ ချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ စုံညီစွာ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ် ဒေါက်တာသီတာဦးက ဌာန တွင်းရှိ ဝန်ထမ်းများ၏ အခက် အခဲပြဿနာများကို တတ်နိုင် သမျှ သိရှိဖြေရှင်းပေးရေး ကြိုးစား ဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိ အမြဲရှိကြရန်၊ အစိုးရလျှို့ဝှက်စာ များ မပေါက်ကြားစေရေး၊ ထက်အောက် ရင်းနှီးချစ်ခင်စွာ ဆက်ဆံရေးတို့ကို အလေးဂရုပြု ဆောင်ရွက်ကြရန် မှာကြားလို ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ကို အဘက်ဘက်က တိုးတက်စေ ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်း များနှင့် နိုင်ငံတကာဥပဒေရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း။
လိုက်နာဆောင်ရွက်
ဥပဒေရုံးများ ကြည့်ရှုစစ်ဆေး ခြင်းဆိုင်ရာ ညွှန်ကြားချက် (၁/၉၀)ကို ခေတ်နှင့်အညီ ပြင်ဆင် ရေးဆွဲလျက်ရှိရာ မကြာမီ ညွှန်ကြားချက် ထုတ်ပြန်ဖြန့်ဝေ မည်ဖြစ်ပြီး ဥပဒေရုံးများ ကြည့်ရှု စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ် များကို ဆောင်ရွက်သည့်အခါ ညွှန်ကြားချက်အသစ်နှင့် အညီ လိုက်နာဆောင်ရွက်ကြရန် မှာ ကြားလိုပါကြောင်း။
ဥပဒေရေးရာဝန်ကြီးဌာနမှ အခမဲ့ ဝန်ဆောင်မှုပေးလျက်ရှိ သော MLIS ကို ၂၀၁၈ ခုနှစ် မေ ၂၄ ရက်တွင် စတင်ထုတ်လွှင့်ခဲ့ရာ မေလပိုင်းတွင် ငါးနှစ်တာကာလ ပြည့်မြောက်မည် ဖြစ်ပါကြောင်း၊ MLIS တွင် တိုင်းဒေသကြီး၊ ပြည်နယ်များက ပြဋ္ဌာန်းသော ဥပဒေများကို အချိန်နှင့်တစ်ပြေး ညီ လွှင့်တင်နိုင်ရန် တိုင်းဒေသ ကြီး၊ ပြည်နယ် ဥပဒေချုပ်ရုံးများက ဥပဒေများ ပေးပို့ကြရန် လိုအပ်ပါ ကြောင်း။
ကျင့်ဝတ်စောင့်ထိန်း
ဥပဒေရေးရာ ဝန်ကြီးဌာန မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ကို “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” ဟူသည့် ဆောင်ပုဒ်ချမှတ်ပြီး ငါးနှစ်စီမံ ကိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် စီမံကိန်းကာလ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ယခုမဟာဗျူဟာ စီမံကိန်းပြီးစီးပါက မဟာဗျူဟာ စီမံကိန်းအသစ်ကိုလည်း ငါးနှစ် စီမံကိန်းဖြင့် ၂၀၂၅ မှ ၂၀၂၉ ခုနှစ် အထိ သတ်မှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ ဥပဒေအရာရှိများ အကျင့်သိက္ခာနှင့် ပြည့်စုံပြီး အများပြည်သူက ယုံကြည် အားကိုးရသော ဥပဒေအရာရှိ ကောင်းများ ဖြစ်စေရေးအတွက် ကျင့်ဝတ်စောင့်ထိန်း လိုက်နာကြ ရန် အထူးအရေးကြီးပါကြောင်း။
ရေးဆွဲဆောင်ရွက်
ဥပဒေရေးရာ ဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (CPU) ကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်း၍ CPU ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိရာ ဥပဒေ ရေးရာဝန်ကြီးဌာန၏ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာ တည်မြဲလုပ်ထုံးလုပ်နည်း (SOP) ကို ထုတ်ပြန်နိုင်ခဲ့ပါ ကြောင်း၊ CPU အတွက် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်း ညွှန် (Terms Of Reference-TOR)ကို ထုတ်ပြန်နိုင်ရေး ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း။
ဥပဒေရေးရာ ဝန်ကြီးဌာန အနေဖြင့် ဥပဒေရေးရာကိစ္စရပ် များ၊ ဥပဒေသတင်းအချက်အလက် များကို ဥပဒေပညာစိတ်ပါဝင်စား သူများမှ အချိန်နှင့်တစ်ပြေးညီ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ဥပဒေ ရေးရာဝန်ကြီးဌာန၏ အပတ်စဉ် သတင်းလွှာ (Weekly news)ကို သောကြာနေ့တိုင်း ထုတ်ဝေလျက် ရှိပြီး ဝန်ကြီးဌာန website တွင် လည်း အများပြည်သူဖတ်ရှုနိုင်ရန် လွှင့်တင်ထားပါကြောင်း။
မူဝါဒများ အလေးထား
တိုင်းဒေသကြီး / ပြည်နယ် ဥပဒေချုပ်ရုံးများက မူဝါဒပိုင်း ဆိုင်ရာကိစ္စရပ်များကို အကောင် အထည်ဖော်သည့် ဥပဒေ(မူကြမ်း)များကို စိစစ်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီမှုရှိစေရန် အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရားစွဲမတင်မီ ဥပဒေအကြံဉာဏ် ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို တိကျစွာ ဂရုပြု လိုက်နာဆောင်ရွက်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရုံးမှ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေရုံးချုပ်များကို အကြောင်းကြားပြီး ဖြစ်ပါကြောင်း၊ ဥပဒေ အသိပညာပြန့်ပွားရေး လုပ်ငန်းသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ဥပဒေရေးရာ ဝန်ကြီးဌာနက အလေးထား ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့်အတွက် ဥပဒေ ချုပ်ရုံးများအနေဖြင့်လည်း ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက် စေလိုပါကြောင်း မှာကြားခဲ့ သည်။
သတင်းစဉ်