ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ

 

မြန်မာ့ရေနံနှင့်  သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်   ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများတွင်      အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ   ဆောင်ရွက် လျက်ရှိပြီး ရွှေထုတ်လုပ်ရေးပလက်ဖောင်း(SHP Platform)နှင့် ရွှေဖိအားမြှင့်ပလက်ဖောင်း (SHK Compression Platform) အား 100.484 m အရှည်ရှိသော တံတားဖြင့် ဆက်သွယ်တည်ဆောက် ထားသည့်  ရွှေဖိအားမြှင့်ပလက်ဖောင်း (SHK Compression Platform) ၏   Coordinate မှာ SHK Compression Platform  မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၂၀ ဒသမ ၅ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၂ မိနစ် ၃၅ ဒသမ ၉ စက္ကန့်တွင် တည်ရှိ သည်။
သို့ဖြစ်ပါ၍ ပင်လယ်ရေကြောင်းသွားလာမှုများ အန္တရာယ်မှ ကင်းရှင်းစေရန်နှင့် မတော်တဆထိခိုက်မှု လျော့ပါးစေရန်အတွက် အထက်ဖော်ပြပါ ရွှေဖိအားမြှင့်ပလက်ဖောင်း (SHK Compression Platform) တည်နေရာမှ   (၄)ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန် ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန