အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်နှင့်ပတ်သက်၍ ဟားမားစ်အဖွဲ့ အလေးနက်ထားလုပ်ဆောင်လျက်ရှိ

 

ဂါဇာ   ဖေဖော်ဝါရီ   ၂၉


ဟားမားစ်အဖွဲ့သည်    အပစ်အခတ်ရပ်စဲရေးအစီ အစဉ်နှင့် ဓားစာခံများ ပြန်လွှတ်ပေးရေးတို့အတွက် အစ္စရေးနှင့်  အချင်းချင်းကြားလိုက်လျောညီထွေ ဖြစ်စေရန်   တင်ပြထားကြောင်း   ဟားမားစ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင်များက ပြောသည်။ 
စေ့စပ်ညှိနှိုင်းမှုတွင်  လိုက်လျောညီထွေမှုများ ဖြစ်အောင်   ပြသနေခြင်းသည်   ကျွန်ုပ်တို့လူမျိုး သွေးမြေမကျစေရန် နာကျင်မှုများနှင့်စွန့်လွှတ်မှု များအဆုံးသတ်စေရန်   ဆောင်ရွက်ခြင်းဖြစ်သည်ဟု အစ္စမေးလ် ဟန်နီယာက  ဖေဖော်ဝါရီ ၂၈ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့၌ ပြုလုပ်သည့်အစည်းအဝေး ပွဲတွင် ပြောကြားခဲ့သည်။ 
ကာတာနိုင်ငံအပါအဝင်    ကြားဝင်စေ့စပ်ပေး သည့်နိုင်ငံများ အကူအညီဖြင့် အပစ်အခတ်ရပ်စဲရေး အတွက် စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက် နေဆဲဖြစ်သည်။ မတ်လ ၁၀ ရက်ဝန်းကျင်မှစတင်၍ အစ္စရေးဘက်မှ ဖမ်းဆီးထိန်းသိမ်းထားသည့်ပါလက် စတိုင်း ၄၀၀ကိုပြန်လွှတ်ပေးမည်ဖြစ်ပြီး ဟားမားစ် တို့ဘက်မှလည်း ဓားစာခံ ၄၀ ကို ပြန်လွှတ်ပေးရန် မူကြမ်းတွင်ပါဝင်သည်။ 
ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းများမှာ  ပို၍ ဆိုးရွားလျက်ရှိသည်။    ဂါဇာကမ်းမြောင်ဒေသရှိ လူပေါင်း ၅၇၆၀၀၀  ခန့်မှန်းခြေအားဖြင့်ဂါဇာဒေသ လူဦးရေ လေးပုံတစ်ပုံမှာ  မကြာမီငတ်မွတ်ခေါင်းပါး မှုဘေးနှင့်   ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂ     လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ   ညှိနှိုင်း ရေးမှူးရုံးက ပြောသည်။ 
ကာလရှည်ကြာပဋိပက္ခအတွင်း    သေဆုံးသူ ၂၉၉၅၄ ဦးအထိ   ရှိလာပြီဖြစ်ကြောင်း   ဂါဇာ ကမ်းမြောင်ဒေသ    ကျန်းမာရေးအာဏာပိုင်များက   ပြောသည်။ 


အင်န်အိတ်ချ်ကေ