
တောင်သူကြွယ်မှ ပြည်လုံးလှမည်
r စပါးပေါ်ချိန်၊ ငွေပေါ်ချိန်ဆို
တစ်ချိန်တုန်းက၊ သူ့ဘဝသည်
လှပသာယာ၊ ရှိခဲ့ပါ၏။
r သို့သော်ခုခါ
သဘာဝဘေး၊ မလွတ်သေး၍
ငေးမောရင်မှာ၊ တွေးစရာနဲ့
ခံသာမချိ၊ ဖြစ်ရဘိ၏
သူ၏ထွက်ကုန်၊ တောင်လိုပုံ၍
စျေးကုန်ရှိငြား၊ ဝယ်လက်ပါး၍
များစွာ အရှုံးပေါ်ခဲ့ပြီ။
r လုပ်ခွင်လယ်ယာ၊ စိုစိမ်းကာလျှင်
သူငါသီးသီး၊ ဆွေဦးကြီးတို့
ပွားစီးတွင်တွင်၊ ပြုံးပျော်ရွှင်မှ
တိုင်းခွင်ပြည်ရေး၊ အမှန်အေးလိမ့်
သူ့အရေးဘဝ၊ မမြင့်ကြမူ
နိမ့်ရပြည်ရွာ၊ စည်မသာနိုင်
မဏ္ဍိုင်ပြုထား၊ လယ်သမားတို့
ထွက်အားကောင်းကောင်း၊ သူ့ကုန်ရောင်းမှ
လှူရရင်သွေး၊ သားငယ်ထွေးကို
မနှေးသွတ်သွင်း၊ သာသနာတွင်းကို
ထင်လင်းကြည်သာ၊ မင်္ဂလာအပေါင်း
ခဝပ်ညောင်းလိမ့်။
r သြော်
သို့မှသာလျှင်၊ သူတို့ရင်ဝယ်
ပျော်ရွှင်ချမ်းသာ၊ ပြည်လည်းသာလိမ့်
မှတ်ပါမနှေး၊ တောင်သူ့အရေးကို
အားပေးထောက်ရှု ဂရုပြုစို့...။
ဘိုမျိုး(ရွှေဘို)
(တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုပါ၏။)