ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၉


အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး များ၊      တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစား  လေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းဝင်လေ့ကျင့် လျက်ရှိသည့် ပဏာမလက်ရွေးစင် အားကစားသမားများနှင့် (Youth Camp)မှ လူငယ်အားကစားသမား များ၏   အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို       လိုက်လံ ကြည့်ရှုအားပေးသည်။
ဦးစွာ    ပြည်ထောင်စုဝန်ကြီး သည်    ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်  (၁)   ၌ ပြေးခုန်ပစ်    (အပစ်)   အားကစား သမားများ၏      လေ့ကျင့်နေမှုနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ခရစ် ကတ်အားကစားပြိုင်ပွဲ  ဝင်ရောက် ယှဉ်ပြိုင်မည့်    ရခိုင်ပြည်နယ် အသင်းမှ   အားကစားသမားများ ၏  လေ့ကျင့်နေမှုများကို  ကြည့်ရှု အားပေးပြီး  နေထိုင်စားသောက် လေ့ကျင့်မှုများတွင်    အခက်အခဲ ရှိပါက   သတင်းပို့တင်ပြသွားရန် တာဝန်ရှိသူအား မှာကြားသည်။
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည်    ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းတွင်  ပြေးခုန်ပစ် (တာလတ်၊ တာဝေး)  အားကစား သမားများ၏   လေ့ကျင့်နေမှု၊ အလေးမ       အားကစားရုံတွင် အလေးမ အားကစားသမားများ၏ လေ့ကျင့်နေမှု၊ ဖူဆယ်အားကစား ရုံတွင်  ဝူရှူးအားကစားသမားများ ၏    လေ့ကျင့်နေမှုနှင့်   ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C) တွင်   ဘော်လီ ဘော    အားကစားသမားများ၏ လေ့ကျင့်နေမှုများကို   သွားရောက် ကြည့်ရှုအားပေးပြီး အားကစား သမားများအနေဖြင့်      စံချိန်၊ စံညွှန်းများ တိုးတက်ကောင်းမွန် စေရန် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ    ကြိုးစားလေ့ကျင့်သွား ရန်နှင့် ပြိုင်ပွဲအတွေ့အကြုံများ ရရှိစေရေးအတွက်    နိုင်ငံတကာ အားကစားပြိုင်ပွဲများသို့ စေလွှတ် ပေးသွားမည်ဖြစ်ကြောင်း၊  လိုအပ် သည့်    လေ့ကျင့်ရေးအထောက် အကူပြု       ပစ္စည်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်  ပေးသွား မည်ဖြစ်ကြောင်း၊    အရှေ့တောင် အာရှ   အားကစားပြိုင်ပွဲ   စံချိန်၊ စံညွှန်းများကို   အားကစားသမား များ သိရှိအောင် ဆောင်ရွက်ထား ရှိရန်      တာဝန်ရှိသူများအား မှာကြားသည်။ 
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်    ဘိလိယက်နှင့်စနူ ကာအားကစားရုံတွင်    ကျင်းပ လျက်ရှိသည့်       ပြည်နယ်နှင့် တိုင်းဒေသကြီး    ဘိလိယက်နှင့် စနူကာပြိုင်ပွဲ      အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Snooker 15 Red ပြိုင်ပွဲ၊  9 Ball Pool Men Single ပြိုင်ပွဲ၊   9  Ball Pool  Women Double ပြိုင်ပွဲ  ယှဉ်ပြိုင်နေမှုများ ကို  သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်