
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၅၆ ဦး၊ အုပ်ချုပ်သူ သုံးဦး၊ ဆေး အကူ နှစ်ဦး စုစုပေါင်း ၆၁ ဦး တို့သည် ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ် ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ် တော်အမြင့်ဆုံးဖြစ်သည့် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား လာရောက်ဖူးမြော်ကြည်ညို ကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ဆောက်ပူဇော်ခြင်း နှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရ ဝိဇယဘုရားကြီး တည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ် ချက်၊ ရုပ်ပွားတော်မြတ်ကြီး အား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင် ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက် နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီ တော်များ တည်ထားဆောင်ရွက် ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြော ကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင် များသည် ယခုကဲ့သို့ ရုပ်ပွားတော် မြတ်ကြီးအား အဆင်ပြေချောမွေ့ စွာ လာရောက်ဖူးမြော်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးမှု များနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်း စဉ်အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်း ပြောကြားပေးမှုများ အပေါ် ကျေးဇူးတင်စကားများ ပြောကြားကြပြီး ရုပ်ပွားတော် မြတ်ကြီး အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ ဘုရားဖူး အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များသည် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညို ကြပြီး ဘုရားရင်ပြင်တော်ပတ်လည် ၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓ ဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြားသာသနိက အဆောက်အဦ များကို ဖူးမြော်လေ့လာကြည်ညို ခဲ့ကြပြီး အလှူငွေများ ပေးအပ် လှူဒါန်းကြသည်။
ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည်။
ယနေ့တွင် မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ခဲ့ကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၏ ရင်တွင်း စကားသံများကို ယခုလို ကြားသိ ခဲ့ရသည် -
ကျွန်တော်ကတော့ ပဲခူးမြို့က လာတာပါ။ ပဲခူးတိုင်းဒေသကြီးရဲ့အငြိမ်းစားဝန်ထမ်းများကိုယ်စားပြု ကျွန်တော်တို့ ဒီဘုရာကြီးကို လာရောက်ခြင်းဖြစ်ပါတယ်။ မာရ ဝိဇယဘုရားကို ပဲခူးတိုင်းရဲ့ အစီအမံနဲ့ မော်တော်ယာဉ်ကအစ လိုအပ်တဲ့ စားသောက်စရာပါ အားလုံးကို စီမံဆောင်ရွက်ပေးလို့ ကျွန်တော်တို့ အငြိမ်းစားများ အဖွဲ့က ကျေးဇူးတင်ပါတယ်။ ဒီမာရဝိဇယ ကျောက်ဆင်းတု ဘုရားကြီးကို သယ်တာကအစ တီဗွီမှာလည်း ကြည့်ရပါတယ်။ အခုဒီမှာကျတော့လည်း ထပ်ပြီး ကြည့်ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့သက်တမ်းတစ်ခုလုံးမှာ ဒီလိုတစ်ခါမှ မတွေ့ဖူးပါ ဘူး။ အံ့မခန်းဖြစ်ရပြီး ပညာရှင် တွေ၊ သက်ဆိုင်ရာ အဖွဲ့ အစည်းအဆင့်ဆင့် ဦးဆောင်မှု တွေက အင်မတန်မှ ကောင်းမွန် တယ်ဆိုတဲ့ အကြောင်းလေး ပြောပြချင်ပါတယ်။ တစ်သက်နဲ့ တစ်ကိုယ် ဖူးခွင့်ရတယ်ဆိုတာက ရင်ထဲမှာ ဝမ်းနည်းသလို၊ ပျော်သလို အင်မတန်ခံစားရပါတယ်။ ဒီလို ပီတိမျိုးဆိုတာ တစ်သက်မှာ တစ်ခါခံစားရတာပါ။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို ကျွန်တော်တို့က ဒီလိုမျိုးတွေ ကြည့်ရှုခြင်းအား ဖြင့် ဘုရားသာသနာအတွင်းမှာ ကျွန်တော်တို့က လူလားမြောက် အောင်၊ လူ့အခွင့်အရေးတွေ မဆုံး ရှုံးအောင် ကြိုးစားအားထုတ်ရမယ့် အနေအထားမျိုးကို ကျွန်တော် တို့က ပိုပြီးတော့ သံဝေဂတွေ ရတာပေါ့။ ကျွန်တော်တို့လူသား ဆိုတာ အချိန်တန် အိုမယ်၊ နာမယ်၊ သေမယ် ဒီအရေးသုံးပါးကို ကျွန်တော်တို့က အချိန်တန်ရင် ဖြစ်ရတော့မယ်။ ဒီတော့ ဘုရား က ငါတို့အသက်ရှိတုန်း ဖူးခွင့်ရ တယ်ဆိုတဲ့ အကျိုးကျေးဇူးကို တန်ဖိုးဖြတ်လို့မရပါဘူး။ အခုလို ပို့ဆောင်ပေးတဲ့အတွက် အင်မတန် ပဲ တာဝန်ရှိသူအားလုံးကို ဝမ်းသာ ပါတယ်ဆိုတဲ့အကြောင်း၊ ကျေးဇူး လည်း အထူးတင်ပါတယ်ဆိုတဲ့ အကြောင်း ပြောကြားလိုပါတယ်။
ဘုရား ဖူးမြော်လိုက်ရတော့ ရင်အေးသွားတယ်။ နောက်ပြီး တော့ ခေါင်းလောင်းကြီးမှာ ကြေးစည်ထုတော့ ဗိုလ်ချုပ်မှူး ကြီး နာမည်သွားတွေ့တယ်။ ဒါကိုမြင်ပြီး အေးချမ်းသလို သူလည်း စိတ်အေးချမ်းပါစေ။ မိသားစုလည်း၊ တိုင်းသူပြည်သား တွေလည်း စိတ်အေးချမ်းပါစေ။ အဲဒီလို ဆုတောင်းမိပါတယ်။ ရင်ထဲအေးပြီးတော့လေ ဒါမျိုး ကလည်း ဘယ်မှာမှမရှိဘူးခဲ့လို့ ထင်မိပါတယ်။ ဒါကြောင့်မို့လို့ ဝမ်းသာပါတယ်။ သာသနာ အတွက်ရော၊ နိုင်ငံတော်အတွက် ရော၊ ပြည်သူအတွက်ရော၊ ဗိုလ်ချုပ်မှူးကြီး မိသားစုအတွက် ရော၊ သမီးတို့အတွက်ပါ ဝမ်းသာ ပါတယ်လို့ ဆုတောင်းပါ တယ်။ ကျန်းမာချမ်းသာပြီးတော့ တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုး၊ သာသနာ့အကျိုး စောင့်ရှောက်နိုင် ပါစေလို့ ဆုတောင်းပေးပါတယ်။
အလွန်ပဲ ဝမ်းသာပါတယ်၊ အင်မတန်ပဲ ကြည်နူးရပါတယ်။ လာရောက်ပြီးတော့ ပို့ပေးတဲ့ သူတွေအားလုံးကိုလည်း ကျေဇူး တင်ပါတယ်။ ဒီမှာလက်တွေ့မြင် လိုက်ရတာ ကြည်နူးပြီး အများကြီး စိတ်ချမ်းသာပါတယ်။ အေးချမ်း လွန်အားကြီးလို့ တကယ်ကို ကြည်နူးမိပါတယ်။ ပြောမပြ တတ်အောင်ပဲ ကြည်နူးရပါတယ်။ တကယ်ဆို ကိုယ့်ဟာကိုယ်ဆို ငွေကြေးကြောင့် လာနိုင်မှာ မဟုတ်ပါဘူး။ ကျန်းမာရေးကြောင့် လာနိုင်မှာမဟုတ်ပါဘူး။ အခုလို ပို့ပေးတဲ့အတွက် အလွန်ပျော်ပါ တယ်။ လာရောက်ဖူးမြော်ဖို့ဆိုတာ အိပ်မက်တောင် မမက်ဖူးပါဘူး။ နောင်ကိုလည်း ခဏခဏ လာရောက် ဖူးမြော်ရပါစေလို့ ဆုတောင်းပါတယ်။ မဖူးရသေးတဲ့ ရပ်ဝေးရပ်နီးက အားလုံးသော သူများ လာရောက်ဖူးမြော်နိုင်ပါ တယ်။ ကြည်နူးရပါတယ်။ အေးချမ်းပါတယ်။ စိတ်လည်း ချမ်းသာရပါတယ်။ လာရောက် ဖူးမြော်ကြပါလို့ တစ်နိုင်ငံလုံးကို ဖိတ်ခေါ်ပါတယ်။ သတင်းစဉ်