
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ် ကော့ကရိတ်မြို့ အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ များကြောင့် ခေတ္တတိမ်းရှောင်နေ သည့် ဒေသခံပြည်သူများ၏ ပြည်သူပိုင်နေအိမ်များမှ တန်ဖိုးရှိ ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ယူဆောင်သွားခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများကြောင့် နေအိမ် အများအပြား ပျက်စီးခဲ့ရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် သတင်းအမှားများ လုပ်ကြံ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍ ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ ကော့ကရိတ် မြို့အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူပိုင် နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများ ကို ယူဆောင်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးနေသည့် သတင်း များမှာ မှန်ကန်မှုမရှိကြောင်းနှင့် ကော့ကရိတ်မြို့မှ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ ကော့ကရိတ်မြို့နယ် အတွင်း အကြမ်းဖက်သမားများ ဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်မှုမရှိစေရန် အတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အကြမ်းဖက် သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်ခြင်းများကြောင့် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု များရှိကြောင်းနှင့် နေအိမ်အချို့ မီးလောင် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
တရားမဝင် ပြည်ဖျက် မီဒီယာများသည် ပြည်သူများအား သတင်းအမှန်များ အချိန်နှင့် တစ်ပြေးညီသိရှိစေရန် ရေးသား ထုတ်လွှင့်ခြင်းမရှိဘဲ သတင်းတု၊ သတင်းအမှားများဖြင့်သာ သတင်း အဆိပ်ခတ်လျက်ရှိပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေမည့် တစ်ဖက်သတ်စွပ်စွဲ ရေးသားချက်များကိုသာ ရည်ရွယ် ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်