ဝါရှင်တန် ဖေဖော်ဝါရီ ၂၇
အမေရိကန် အာကာသအေဂျင်စီ နာဆာသည်     လကိုလှည့်ပတ် နေသော       ဂြိုဟ်တုတစ်စင်းမှ ရိုက်ယူထားသော        Nova - C လဆင်းယာဉ်၏     ပုံရိပ်များကို ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင်   ဖော်ပြထား သည်။ 
Intuitive       machines အာကာသဆိုင်ရာကုမ္ပဏီမှ တီထွင် ထုတ်လုပ်သော    လဆင်းယာဉ် သည် ပြီးခဲ့သည့် သီတင်းပတ်တွင် လမျက်နှာပြင်ပေါ်သို့ ဆင်းသက် နိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းသည် လပေါ်သို့ မောင်းသူမဲ့ ယာဉ် ဆင်းသက်နိုင်သည့် ပထမ ဆုံး   ပုဂ္ဂလိကကုမ္ပဏီ   ဖြစ်လာ ခဲ့သည်။ 
အဆိုပါ   ဓာတ်ပုံများမှာ   လ မျက်နှာပြင်မှ ၉၀ ကီလိုမီတာခန့် အကွာတွင်        လှည့်ပတ်နေသည့် နာဆာဂြိုဟ်တုမှ     ရိုက်ယူရရှိ ထားသော    ပုံများ    ဖြစ်သည်။   တောင်ဝင်ရိုးစွန်း၏     သတ်မှတ် ထားသော ဧရိယာတွင် Nova-C ဆင်းသက်ခြင်း           မပြုမီနှင့် ဆင်းသက်ပြီးနောက်     ဓာတ်ပုံ များကို      နှိုင်းယှဉ်ကာ   အတည် ပြုကြောင်း     နာဆာက     ပြော သည်။ 
ဓာတ်ပုံများတွင်   သေးငယ် သော   အဖြူရောင်အစက်ကိုသာ မြင်တွေ့ရသည်။      အမေရိကန် နှင့်      ဂျပန်နိုင်ငံတို့မှ     ပုဂ္ဂလိက ကုမ္ပဏီများသည်    လာမည့်နှစ် နှောင်းပိုင်းတွင် လဆင်းယာဉ်များ လွှတ်တင်ရန်         စီစဉ်နေသော ကြောင့် လကမ္ဘာစူးစမ်းလေ့လာမှု အကြား ပြိုင်ဆိုင်မှုများ မြင့်တက် လက်ရှိသည်။                         
အင်န်အိတ်ချ်ကေ
 
      


