ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၃
ပြည်ထောင်စု     စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၏   တတိယ အကြိမ်မြောက်      မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ       အခမ်းအနား ကို     ယနေ့နံနက်  ၈  နာရီတွင်  နေပြည်တော်ရှိ    ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်း ကိုင်နှင့်      စာရင်းစစ်သင်တန်း ကျောင်းအနီး      ရင်ပြင်ကျယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး       ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် နှင့်          ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန် ရှိသူများ၊  အရာထမ်း၊  အမှုထမ်း များ  စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။ 
ဦးစွာ    ပြည်ထောင်စုစာရင်း စစ်ချုပ်က    ထမနဲထိုးပြိုင်ပွဲသည် အသင်းသားများ၏       စည်းလုံး ညီညွတ်မှု၊ အင်အားရှိမှု၊ စည်းစနစ် ကျနမှု၊ အချိုးအစား  မျှတမှန်ကန် မှု၊       အစီအစဉ်တကျရှိမှုတို့ အပြင်    စီမံခန့်ခွဲ ကြီးကြပ်ကွပ်ကဲ နိုင်မှုကို        ဖော်ညွှန်းနေသည့်   ချစ်စရာ့မြန်မာ့ရိုးရာ      ဓလေ့တစ်ခု လည်းဖြစ်ကြောင်း    ပြောကြား သည်။ 
ထို့နောက်    ပြည်ထောင်စု စာရင်းစစ်ချုပ်၊    ပြည်ထောင်စု ဝန်ကြီးနှင့်  တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများ၏   မြန်မာ့ ရိုးရာယဉ်ကျေးမှု      အစဉ်အလာ အတိုင်း   တပျော်တပါး ထမနဲထိုး ယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှု အားပေးကြပြီး  (ဝဲပုံ)   စုပေါင်း ထမနဲထိုးပြိုင်ပွဲတွင်  ဆုရရှိသည့် အသင်းများကို    ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများ     ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။  
 သတင်းစဉ်