အစ္စရေးသို့ တိုက်ရိုက်ပျံသန်းမှု ယူနိုက်တက်အဲလိုင်း ပြန်လည်စတင်တော့မည်

 

ဂျေရုဆလင်  ဖေဖော်ဝါရီ    ၂၂
အမေရိကန်  လေကြောင်းလိုင်း ကုမ္ပဏီဖြစ်သည့်   ယူနိုက်တက် လေကြောင်းလိုင်းသည် မတ် ၂ ရက် မှစတင်ကာ အစ္စရေးသို့ တိုက်ရိုက် ပြေးဆွဲပျံသန်းမှု  ပြန်လည်စတင် တော့မည်ဟု  ဖေဖော်ဝါရီ ၂၂ ရက် တွင် ကြေညာခဲ့သည်။
အဆိုပါ   လေကြောင်းလိုင်း သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇   ရက်    အစ္စရေး - ဟားမားစ် ပဋိပက္ခဖြစ်ပွားသည့်     အချိန်မှ စတင်ကာ  အစ္စရေးသို့လေကြောင်း ပြေးဆွဲပျံသန်းမှုကို     ရပ်နားခဲ့ ခြင်းဖြစ်သည်။    ယူနိုက်တက် လေကြောင်းလိုင်းသည် နယူရက်ခ် လစ်ဘာတီ   အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်  ဘင်ဂူရီယန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တို့အကြား     ပြေးဆွဲမှုကို ပြန်လည်စတင်မည် ဖြစ်သည်။ 
ပထမဆုံး     ပြေးဆွဲပျံသန်းမည့် ခရီးစဉ်နှစ်ခုတွင်     မြူးနစ်မြို့၌ ရပ်တန့်မည်ဖြစ်သည်။    ပျံသန်း ပြေးဆွဲမှုများကို     ဆက်တိုက် ဝန်ဆောင်မှုပေးနိုင်ရေး ထောက်ပံ့ မှုများအားလုံး     သေချာစေရန် ထိုသို့      ပြုလုပ်ခြင်းဖြစ်သည်။ အစ္စရေးသို့ ပျံသန်းပြေးဆွဲမှုများစတင်သည့်အပေါ်   လုံခြုံစိတ်ချ စေရန်အတွက်  အသေးစိတ်ခွဲခြမ်း စိတ်ဖြာမှုများ  ပြုလုပ်သွားမည် ဖြစ်သည်ဟု      ကုမ္ပဏီဘက်က ပြောသည်။ လုံခြုံရေးကျွမ်းကျင် သူများ၊ အမေရိကန်နှင့်   အစ္စရေး တို့မှ        အစိုးရအရာရှိများ လေကြောင်းအဖွဲ့အစည်းများနှင့် အနီးကပ်    လက်တွဲလုပ်ဆောင် သွားမည်ဟုလည်း ပြောသည်။ 
အခြားသောဆိုင်းငံ့ထားသည့် လမ်းကြောင်းများဖြစ်သည့် တဲလ် အဗီးမြို့မှ ဝါရှင်တန်ဒီစီ၊ ချီကာဂို နှင့်   ဆန်ဖရန်စစ္စကိုတို့သို့  ပြေးဆွဲ မည့်ခရီးစဉ်များကိုလည်း ယခုနှစ် ဆောင်းရာသီတွင် ပြန်လည်စတင် နိုင်ရန် အကဲဖြတ်မှုများ လုပ်ဆောင် သွားမည်ဟု ကုမ္ပဏီကကြေညာခဲ့ သည်။                          ဆင်ဟွာ