တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက် ၁။ ၂၀၂၄-ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့် လျှောက်ထားကြသော ကျောင်းသား/သူများ သိရှိရန် အောက်ပါအတိုင်း ကြေညာအပ်ပါသည်- (က) တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များကို ၂၀၂၄-ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၇ )ရက် အင်္ဂါနေ့မှစ၍ ထုတ်ယူကြရပါမည်။ (ခ) အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရပါမည်။ (ဂ) ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရပါမည်။ ၂။ ကျောင်းသား/ကျောင်းသူများ အနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက် အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရက်စွဲ။ ၂၀၂၄-ခုနှစ်၊ ဖေဖော်ဝါရီလ( ၂၂ )ရက်။