MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲ VUC အသင်း ဆက်လက်ဦးဆောင်

 

ရန်ကုန်   ဖေဖော်ဝါရီ   ၂၀


MFF ဖူဆယ်လိဂ်-၁ ပြိုင်ပွဲ ပွဲစဉ် (၁၄) ကို ဖေဖော်ဝါရီ ၂၀ ရက်က သုဝဏ္ဏဘောလုံး ကွင်းရှိ    MFF    ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ ဇယားထိပ်ဆုံးမှ VUC အသင်း နိုင်ပွဲဆက်ခဲ့သည်။


ပွဲစဉ်  (၁၄)  တွင်  Dream   Team အသင်းက             လင်းလက်အသင်းကို ခြောက်ဂိုး-သုံးဂိုး၊   MIU   အသင်းက လက်ဝဲသုန္ဒရအသင်းကို  ကိုးဂိုး - ဂိုးမရှိ၊ VUC အသင်းက ဖူဆယ်ချစ်သူအသင်းကို ခုနစ်ဂိုး-ဂိုးမရှိ၊ M2K အသင်းက Winner  Soccer အသင်းကို ငါးဂိုး-နှစ်ဂိုး၊ Gene-rations အသင်းက Futsal-19 အသင်းကို  ခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရခဲ့သည်။  ပွဲစဉ် (၁၄) တွင် လက်ရှိချန်ပီယံ VUC အသင်းသည်   ၁၄    ပွဲဆက်   အနိုင်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ဒုတိယနေရာမှ MIU အသင်း နိုင်ပွဲပြန်လည် ရရှိခဲ့သည်။ ပွဲစဉ် (၁၄) အပြီးတွင် VUC အသင်းက ရမှတ် ၄၂ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး MIU အသင်းက ၃၁ မှတ်၊ Generations အသင်းက ၂၉ မှတ်၊ Winner Soccer အသင်းက ၂၆ မှတ်၊ Futsal-19 အသင်းက ၁၆ မှတ်၊ ဖူဆယ်ချစ်သူအသင်းနှင့် Dream Team အသင်းက ၁၅ မှတ်စီ၊ M2K အသင်းက ၁၄ မှတ်၊ လင်းလက်အသင်းက ၁၀ မှတ်၊ လက်ဝဲသုန္ဒရအသင်းက ခုနစ်မှတ် ရရှိထားသည်။              

ရဲရင့်လွင်
ဓာတ်ပုံ-MFF