
နေပြည်တော် ဖေဖော်ဝါရီ ၁၇
(၅၉)ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်များအဖွဲ့ ဗဟို ဘဏ်ဥက္ကဋ္ဌများညီလာခံ၊ အဆင့် မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ (59th SEACEN Governors’ Conference / High Level Seminar) နှင့် (၄၃) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ် များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော် ဝါရီ ၁၅ ရက်တွင် (၅၉) ကြိမ် မြောက် အရှေ့တောင်အာရှဗဟို ဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ များညီလာခံ၊ အဆင့်မြင့်အရာရှိ များဆွေးနွေးပွဲသို့ တက်ရောက် သည်။
အဆိုပါညီလာခံကို “စီးပွား ရေးလေဆန်ခရီးနှင့် ခေတ်မီနည်း ပညာရပ်များနှင့် ငွေရေးကြေးရေး ကဏ္ဍတွင် အားလုံးပါဝင်နိုင်ခြင်း တို့အပေါ် အမြင်နှင့်စိန်ခေါ်မှုများ” (Navigating Economic Hea-dwinds and Advancing Finan-cial Inclusion: Perspective and Challenges)ခေါင်းစဉ်ဖြင့် ကျင်းပ ခဲ့ပြီး အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ သုတေသနဌာန ဒုတိယညွှန်ကြားရေးမှူး Ms. Petya Koeva Brooks က ကမ္ဘာ့စီးပွားရေးနှင့် ထွန်းသစ်စ ဈေးကွက်နိုင်ငံများ၏ စီးပွားရေး အလားအလာအပေါ် သုံးသပ်ခြင်း (Insights on the Global and Emerging Markets Economic Outlook) ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ Banque de France ဥက္ကဋ္ဌ Mr. Francois Villeroy de Galhau “ငွေဖောင်းပွမှုရည်မှန်း ချက် ၂ ရာခိုင်နှုန်းရရှိရေးအတွက် ရှေ့ဆက်ရင်ဆိုင်ရမည့်စိန်ခေါ်မှု များ” (The Road to 2% Inflation Target, which challenges ahead?) ခေါင်းစဉ်တို့ဖြင့်လည်း ကောင်း ဆွေးနွေးပြောကြားကြ သည်။
အရှေ့တောင်အာရှဗဟိုဘဏ် ဥက္ကဋ္ဌများ၏ စကားဝိုင်းဆွေးနွေးပွဲများအနေဖြင့် ဆွေးနွေးပွဲ အပိုင်း (၁)ကို ငွေဖောင်းပွမှုကိုဖြစ်ပေါ်စေ သည့် အဓိကအကြောင်းအရာများ နှင့် ငွေဖောင်းပွမှုနှုန်းဆိုင်ရာ ရည်မှန်းလျာထားချက်များ ရရှိစေ ရန် ဗဟိုဘဏ်နှင့် ငွေကြေးအာဏာ ပိုင်များက ဆောင်ရွက်ရာတွင် ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများ (The Drivers and Road to Ach-ieving Inflation Targets-Challenges ahead)၊ စကားဝိုင်း ဆွေးနွေးပွဲအပိုင်း(၂)ကို အတိုးနှုန်း များကို ကာလကြာရှည်စွာမြှင့်တင် ထားမှု၏ သက်ရောက်မှုများနှင့် စိန်ခေါ်မှုများ (Challenges and Implications of Higher for Longer Interest Rates) နှင့် စကားဝိုင်းဆွေးနွေးပွဲ အပိုင်း(၃)ကို ငွေရေးကြေးရေးကဏ္ဍ တွင် အားလုံးပါဝင်လာနိုင်ရေး ဒစ်ဂျစ်တယ် အခြေခံအဆောက် အအုံ၏ အခန်းကဏ္ဍ (No One Behind: The Role of Digital Public Infrastructure in Fin-ancial Inclusion) စသည့် ခေါင်းစဉ်များဖြင့် ကျင်းပခဲ့ပြီး တက်ရောက်လာကြသည့် ဗဟို ဘဏ်ဥက္ကဋ္ဌများနှင့် အဆင့်မြင့် အရာရှိကြီးများက တင်ပြဆွေးနွေး ချက်များနှင့်စပ်လျဉ်း၍ ၎င်းတို့၏ အတွေ့အကြုံနှင့် ဗဟုသုတများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။
ဆက်လက်၍ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် (၄၃)ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်များအဖွဲ့ ဗဟို ဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် အရှေ့ တောင်အာရှ ဗဟိုဘဏ်များအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Dr. Mangal Goswami က ၂၀၂၃ ခုနှစ်အတွင်း SEACEN Centre ၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ၂၀၂၄ ခုနှစ် တွင် SEACEN Centre မှ ဆောင် ရွက်မည့် ဦးစားပေးလုပ်ငန်းများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများမှ ဆုံးဖြတ်အတည်ပြုရမည့်ကိစ္စရပ်များအားတင်ပြရာ ဗဟိုဘဏ်ဥက္ကဋ္ဌများ က လိုအပ်သည်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေးသည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌသည် အိန္ဒိယနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် Bilateral Meeting ပြုလုပ်၍ မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံအကြား ကုန်သွယ် မှု ပြုလုပ်ရာတွင် အိန္ဒိယရူပီး နှင့် မြန်မာကျပ်တို့ တိုက်ရိုက် အသုံးပြုရေးနှင့် နှစ်နိုင်ငံအကြား ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာလာရာ မြန်မာ နိုင်ငံ ရန်ကုန်မြို့သို့ ယနေ့တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရ သည်။
သတင်းစဉ်