မြစ်ကြီးနားမြို့၊ မိုးညှင်းမြို့နှင့် ပဲခူးမြို့တို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲပြုလုပ်

 

နေပြည်တော် ဖေဖော်ဝါရီ   ၁၇
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာ တည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ 
အဆိုပါ   ပြည်သူ့စစ်မှုထမ်းဥပဒေအား   ကြိုဆို ထောက်ခံပွဲများကို     ယနေ့တွင်   ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေခပန်းခြံ၌လည်းကောင်း၊ မိုးညှင်း မြို့ မြို့မစုပေါင်းရုံးရှေ့ကွင်း၌လည်းကောင်း၊ ပဲခူး  တိုင်းဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ ခရိုင်အားကစားကွင်း၌      လည်းကောင်း    ပြုလုပ် ကြသည်။ 
ဦးစွာ     သက်ဆိုင်ရာမြို့နယ်များမှ    ဒေသခံ တိုင်းရင်းသား မျိုးချစ်ပြည်သူများက သတ်မှတ်နေရာ အသီးသီး၌စုဝေးကြပြီး ကျင်းပမည့်နေရာအသီးသီး သို့   ချီတက်ထောက်ခံကြသည်။   ချီတက်ရာလမ်း တစ်လျှောက်တွင်    ဒေသခံမျိုးချစ်ပြည်သူများက “ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက် ရန်အတွက်   စစ်ပညာသင်ကြားရန်နှင့်   နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံ သားတိုင်းတွင်   တာဝန်ရှိသည်၊   ပြည်သူ့စစ်မှုထမ်း ဥပဒေကို အပြည့်အဝထောက်ခံကြိုဆိုပါသည်၊ နိုင်ငံ တော်ကို ကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်း ဆောင်ကြပါစို့၊    နိုင်ငံတော်ကို    ပြည်တွင်း/ ပြည်ပ အန္တရာယ်များက ကာကွယ်ဖို့  စစ်မှုထမ်းဆောင်ကြ ပါစို့၊    နိုင်ငံတော်၏ လွတ်လပ်ရေး၊    အချုပ်အခြာ အာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ရေးသည်   နိုင်ငံသားတိုင်း၏  တာဝန် ဖြစ်သည်”    စသည့်ကြွေးကြော်သံများကို   သံပြိုင် ကြွေးကြော်ခဲ့ကြပြီး သတ်မှတ်နေရာအသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား      ကြိုဆိုထောက်ခံ ပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော်ဟောပြောခဲ့ပြီး ကြိုဆိုထောက်ခံပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြ ကြောင်း သတင်းရရှိသည်။                သတင်းစဉ်