MAEX က ပြည်တွင်းဘဏ်သုံးခုနှင့် ပူးပေါင်း၍ တညင်းကုန်းဈေးသူ စျေးသား ၁၈၀ ကျော်ကို ကျပ်သိန်းပေါင်း နှစ်သောင်းကျော် ထုတ်ချေးပေးထား

 

ရန်ကုန် ဖေဖော်ဝါရီ ၁၇
MAEX (Myanmar Agro Exchan-ge Public Co.,Ltd) က ပြည်တွင်း ဘဏ်သုံးခုနှင့် ပူးပေါင်း၍ တညင်း ကုန်းဈေးသူ စျေးသား ၁၈၀ ကျော် ကို  ကျပ်သိန်းပေါင်း နှစ်သောင်း ကျော် ထုတ်ချေးပေးထားကြောင်း သိရသည်။
အင်းစိန်မြို့နယ် တညင်းကုန်း လက်ကားဈေးဝင်း   အတွင်း၌ ဖေဖော်ဝါရီ ၁၅ ရက်က တညင်း ကုန်း လက်ကားဈေးကြီးမှ ဈေးသူ ဈေးသားများအားAyeyarwaddy Farmers Development Bank Limited   (A Bank)    မှ   MSME Micro Loan ချေးငွေများ ပေးအပ် ခြင်းအခမ်းအနား ပြုလုပ်သည်။
အဆိုပါ   အခမ်းအနားသည်   Myanmar   Agro   Exchange Public Co., Ltd (MAEX)အနေဖြင့် A Bank နှင့်ချိတ်ဆက်ပြီး ပထမ အကြိမ်အဖြစ် ဈေးကြီးအတွင်းမှ ဈေးသည်  ၄၇ ဦးတို့အား ချေးငွေ ကျပ် ၄၉၆၅ သိန်း   ပေးအပ်နိုင်ခဲ့ ကြောင်း  သိရသည်။
ယခုအကြိမ်အပါအဝင် ဈေးသူ ဈေးသားများအား MSME ချေးငွေ ထုတ်ပေးခြင်း    အစီအစဉ်မှာ ငါးကြိမ်မြောက်ဖြစ်ပြီး MAEX မှ UAB, AYA,A Bank တို့နှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကာ   စုစုပေါင်း ဈေးသည် ၁၈၆ ဦးကို ချေးငွေအနေ ဖြင့် ကျပ်သိန်းပေါင်း ၂၄၂၈၅ သိန်း ထုတ်ပေးနိုင်ပြီဖြစ်ကြောင်း သိရ သည်။
MAEX  အနေဖြင့် ဖေဖော်ဝါရီ  ၂၃ ရက်မှ   ၂၅  ရက်အထိ  နံနက် ၉     နာရီမှ    ညနေ  ၅   နာရီအထိ   ရန်ကုန်မြို့ရှိ Yangon Conven-tion Centre တွင် YRYEA EXPO 2024 ပြပွဲကြီးကို ကျင်းပသွားမည် ဖြစ်ကာ တညင်းကုန်းလက်ကား ဈေးကြီး၌   တည်ရှိသည့်   Shop House (နှစ်ခန်းတွဲ ၃/၄ထပ်တိုက်)နှင့် Medium Wholesale Market (အလတ်စားဈေးရုံ -၂၈/၁၆ခန်းတွဲ နှစ်ထပ်တိုက်)  များကို   ငွေကျပ် သိန်း ၉၀၀ အထိ Discount ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။                                  
MT
ဓာတ်ပုံ - MAEX