နိုင်ငံ့အရေးအတွက် ဆောင်ရွက်ရာတွင် YMBA အသင်းကြီးသည် လူမှုရေးအဖွဲ့အစည်းများတွင် အရေးပါသည့် အဖွဲ့အစည်းကြီးဖြစ်သဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်

နိုင်ငံ့အရေးအတွက် ဆောင်ရွက်ရာတွင် YMBA အသင်းကြီးသည် လူမှုရေးအဖွဲ့အစည်းများတွင် အရေးပါသည့်   အဖွဲ့အစည်းကြီးဖြစ်သဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို 
အလေးအနက်ထားဆောင်ရွက်ကြရန်လိုပြီး လုပ်သင့်လုပ်ထိုက်သည့်ကိစ္စရပ်များကို စနစ်တကျဖြင့်ဆောင်ရွက်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၇


ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက   အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ် မှူးကြီး   မင်းအောင်လှိုင်သည်  ယနေ့နံနက်ပိုင်းတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)မှ အဖွဲ့ဝင် များအား ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့နယ် ရွှေတိဂုံ စေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း၌  ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို)ရုံး၌ တွေ့ဆုံသည်။ 


အဆိုပါတွေ့ဆုံပွဲသို့  ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး(YMBA)၏  ရာသက်ပန်ဂုဏ်ထူးဆောင် နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ  ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊   ကောင်စီအဖွဲ့ဝင်   ဒုတိယ ဗိုလ်ချုပ်ကြီး  ညိုစော၊   ပြည်ထောင်စုဝန်ကြီးများ၊     ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်းကြီး (YMBA)  ဥက္ကဋ္ဌ    ဦးရဲထွန်းနှင့် နာယကများ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ    တက်ရောက်ကြ သည်။


ဦးစွာ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး    (YMBA)  ၏ ရာသက်ပန်    ဂုဏ်ထူးဆောင် နာယက    အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (YMBA)  ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် နာယကများ၊ ဒုတိယဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။


ရှင်းလင်းတင်ပြ


ထို့နောက်        ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို)    ရုံး ဧည့်ခန်းမဆောင်၌ YMBA အသင်း ချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းက ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီးမှ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် အဘိ ဓမ္မာနှင့် ယဉ်ကျေးလိမ္မာသင်တန်း များ၊ ဘာသာစကားသင်တန်းများ သင်ကြားပို့ချပေးလျက်ရှိမှု၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းများတွင် YMBA အသင်းသားများမှ  ပါဝင်ဆောင် ရွက်ပေးလျက်ရှိမှု၊  သဘာဝဘေး အန္တရာယ်   ကူညီကယ်ဆယ်ရေး အတွက် အစုအဖွဲ့များ စုဖွဲ့ထားရှိ မှု၊  ဗုဒ္ဓဘာသာကလျာဏ    ယုဝ အသင်း(ဗဟို) ရုံးချုပ်အဆောက် အဦသစ်        တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိမှုနှင့် အဆိုပါအဆောက်အဦသစ်အတွင်း ၌ YMBA အသင်းကြီး၏ သမိုင်းဝင် ပြခန်းအပါအဝင်    အခန်းများ အလိုက် နေရာချထားရန်လျာထား မှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို     ရှင်းလင်းတင်ပြ သည်။


ရှင်းလင်းတင်ပြမှုများအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ကြီး(YMBA)၏   ရာသက်ပန် ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော် စီမံအုပ်ချုပ်ရေး   ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က    ရုံးချုပ် အဆောက်အဦသစ်အား    တည် ဆောက်ရာတွင် စနစ်တကျဖြစ်စေ ရေး   ဆောင်ရွက်ရန်လိုကြောင်း၊ YMBA အသင်းကြီး စတင်ဖွဲ့စည်း စဉ်ကတည်းက    ရည်ရွယ်ချက် သည် “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ” ကြီးပွားမြင့်မားရေးပင်ဖြစ် ကြောင်း၊ အမျိုးဘာသာသာသနာ ပညာစောင့်ရှောက်ရေးသည် နိုင်ငံ့ အရေးပင်ဖြစ်ပြီး နိုင်ငံ့အရေးနှင့် ပတ်သက်၍ နိုင်ငံတော်တွင်ရှိသည့် နိုင်ငံသားတိုင်းတွင်    တာဝန်ရှိ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    အစိုးရအနေဖြင့် လည်း နိုင်ငံ့အရေးကို ဆောင်ရွက် နေခြင်းဖြစ်သကဲ့သို့      YMBA အသင်းကြီးအနေဖြင့်    အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ တို့ဖြင့် နိုင်ငံ့အရေးကို ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊   လူငယ်လူရွယ်များကို ယဉ်ကျေးသိမ်မွေ့အောင် ဆောင် ရွက်ပေးပြီး ကောင်းမွန်သည့် လူမှု အသိုင်းအဝိုင်းကိုဖော်ဆောင်ပေးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အတွက် YMBA အသင်းကြီးအနေ ဖြင့်  အမျိုးသားရေးစိတ်ဓာတ် ခွန်အားကို    တည်ဆောက်ပေး ရမည်ဖြစ်ကြောင်း၊ လူငယ်လူရွယ် များအနေဖြင့်     မူလအခြေခံ စိတ်ဓာတ်ကောင်းများရရှိစေရေး၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ကို  ကာကွယ်ထိန်းသိမ်းစောင့် ရှောက်လိုသည့် စိတ်ဓာတ်များရရှိ စေရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အပေါ်တွင်ထားရှိသည့် စိတ်ဓာတ် များကောင်းမွန်စေရေးနှင့် မှန်ကန် သည့်လမ်းကြောင်းပေါ်သို့ ရောက် ရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း။


လက်ရှိအချိန်တွင်   လူငယ် လူရွယ်များအနေဖြင့် နိုင်ငံတော် ကို   ထိခိုက်ပျက်စီးစေလိုသည့် ပြည်တွင်း၊  ပြည်ပမှ    သွေးထိုး လှုံ့ဆော်သူများ၊   နိုင်ငံရေးအရ အစွန်းရောက်သူများ၏ ပယောဂ များကြောင့် အကြမ်းဖက်မှုဖြစ်စဉ် များတွင်   ပါဝင်နေကြသည်ကို စိတ်မကောင်းဖြစ်ဖွယ် တွေ့မြင်ရ ကြောင်း၊  နိုင်ငံတော်၏အဖိုးတန် မျိုးဆက်သစ် လူငယ်လူရွယ်များ အနေ ဖြင့် နိုင်ငံတော်တည်ဆောက် ရေးတွင်ပါဝင်မှုမရှိဘဲ    အဖျက် အမှောင့်လုပ်ရပ်များကို လုပ်ဆောင် နေသည့် လမ်းကြောင်းအမှားပေါ် သို့  ရောက်ရှိနေသည်မှာ    နိုင်ငံ့ အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာ ပင်ဖြစ်ကြောင်း၊  အဆိုပါလူငယ် များ  မှန်ကန်သည့်လမ်းကြောင်း ပေါ်သို့ ရောက်ရှိစေရေးဆောင်ရွက် ရန်လိုကြောင်း။


အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်


လူငယ်များကို  ဗလငါးတန်  ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ထိရောက်သည့်လူသားအရင်း အမြစ်များအဖြစ် မွေးထုတ်ပေးရန် လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ဦးတည်ချက်များ အနက် လူမှုရေးဦးတည်ချက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်များ၌   လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင် ရေး ဗလငါးတန်နှင့်  ပြည့်စုံသော လူငယ်များဖြစ်စေရန်       လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ဟု  ချမှတ်ထားသကဲ့သို့   YMBA အသင်းကြီး၏ ရည်ရွယ်ချက်တွင် လည်း လူငယ်များ၏  ကာယဗလ၊ ဉာဏဗလနှင့်    စိတ္တဗလများ ကောင်းမွန်စေရေး     ချမှတ်ထား ခြင်းဖြစ်သဖြင့်  နိုင်ငံကောင်းမွန် ရန်အတွက် တူညီသည့်ရည်ရွယ် ချက်များဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ YMBA အသင်းကြီးကို စတင်ဖွဲ့စည်းခဲ့သည့် ခေါင်းဆောင် များနှင့်    ခေတ်အဆက်ဆက် တာဝန်ယူ   ထမ်းဆောင်ခဲ့သည့် ခေါင်းဆောင်များအနေဖြင့် အမြင် ကျယ်ကျယ်ဖြင့် ဆောင်ရွက်ခဲ့ကြ သကဲ့သို့   ယခုအချိန်တွင်လည်း အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက် ကြရန်လိုကြောင်း၊    နိုင်ငံတော် အတွက်   လိုအပ်သည့်လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင် ရေး YMBA အသင်းကြီးအနေဖြင့် ဆောင်ရွက်စေလိုကြောင်း။ 


YMBA အသင်းကြီးအနေဖြင့် အမျိုးသားရေးကို  ဦးဆောင်နိုင် သည့်   အဖွဲ့အစည်းတစ်ခုဖြစ်ရန် လိုပြီး  နိုင်ငံရေးမဟုတ်ဘဲ   နိုင်ငံ့ အရေးကို   ဆောင်ရွက်ကြစေလို ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုဖြစ်စဉ်များဖြစ်ပေါ် အောင်  လှုံ့ဆော်နေသူများ၊  ပြည် ဖျက်မီဒီယာများအနေဖြင့်    နိုင်ငံ့ အရေးကို    ဆောင်ရွက်နေခြင်း   မဟုတ်ဘဲ တိုင်းပြည်၏ အနာဂတ် ပျက်စီးအောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး တူညီသည့် အခွင့်အရေးများ ပေးထားပြီးဖြစ် သော်လည်း နိုင်ငံရေးကိုသဘောရိုး ဖြင့်ဆောင်ရွက်ခဲ့ခြင်း   မရှိသော ကြောင့် ယခုကဲ့သို့သော  တိုင်းရင်း သား     လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း။


နိုင်ငံတော်ကို  ကာကွယ်ရန် အတွက်    နိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို      လုံးဝ အထိ ခိုက်ခံမည်မဟုတ်ကြောင်း၊ နိုင်ငံသူ၊   နိုင်ငံသားများ    အားလုံး ပြည်ထောင်စုစိတ်ဓာတ်များ မွေးမြူ နိုင်ရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် များဖြစ်ပေါ်စေရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရန်   လို ကြောင်း၊    တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက် ရာတွင် ပြည်သူများအားလုံးအနေ ဖြင့် စိတ်ပိုင်းဆိုင်ရာနှင့်  ရုပ်ပိုင်းဆိုင်ရာခံယူချက်ကောင်းမွန်ရမည် ဖြစ်ကြောင်း၊    နိုင်ငံနှင့်လူမျိုး အတွက်   ခံယူချက်ကောင်းမွန် သည့်စိတ်ဓာတ်နှင့် ဆောင်ရွက်မှ သာလျှင် ရုပ်ပိုင်းဆိုင်ရာများ‌လည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း။


အမျိုးသားရေး အဖွဲ့အစည်းဖြစ်


ယခုအခါ ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်အာဏာတည်စေ ခဲ့ပြီး ရည်ရွယ်ချက်မှာ နိုင်ငံတော် ၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေး ၃ ပါးကိုကာကွယ် စောင့်ရှောက်ရန်   ဖြစ်ကြောင်း၊  YMBA အသင်းကြီးအနေဖြင့်လည်း ဗလငါးတန်ပြည့်ဝအောင်ဆောင် ရွက်ရာတွင်  အဆိုပါအချက်ကို လည်း  ထည့်သွင်းစဉ်းစားဆောင် ရွက်ကြရန်လိုကြောင်း၊   YMBA အသင်းကြီးအနေဖြင့် စတင်ဖွဲ့စည်း စဉ်ကတည်းက   ဘာသာရေးဆို သည်ထက် နိုင်ငံတော်၏ကောင်းရာကောင်းကျိုးဖြစ်သည့် လူမှုရေး ကိုအခြေခံသည့် အမျိုးသားရေး အဖွဲ့အစည်းဖြစ်ပြီး ကာယ၊ ဉာဏ၊ စိတ္တအားများဖြင့်    နိုင်ငံတော် တည်ဆောက်ရေး   လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားတိုင်းတွင်   နိုင်ငံတော် ကာကွယ်ရန်  တာဝန်ရှိသည်ဖြစ် သဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ယခင်ကတည်းက ထုတ်ပြန်ခဲ့ ခြင်းဖြစ်ကြောင်း၊     သတ်မှတ် အသက်အပိုင်းအခြား    အတွင်းမှ 
သင့်တင့်       လျောက်ပတ်သည့်     အင်အားကိုသာ သတ်မှတ်ကာလ အတွင်း  တာဝန်ထမ်းဆောင်ရန်   ဖြစ်ပြီး  နိုင်ငံအတွက်၊   ပြည်သူ့ အတွက်         ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး    ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊   သို့သော်လည်း ထုတ်ပြန်ထားသည့်   ဥပဒေကို  လေ့လာခြင်းမရှိဘဲ   အခြေအမြစ် မရှိသည့်သတင်းမှားများ၊ ထင်မြင် သုံးသပ်ချက်များ     အပေါ်တွင် အခြေခံ၍     သွေးထိုးလှုံ့ဆော် နေသည်များရှိကြကြောင်း၊ နယ် အသီးသီးရှိ YMBA အသင်းအဖွဲ့ များအနေဖြင့်လည်း ပြည်သူ့စစ်မှု ထမ်းဥပဒေနှင့်ပတ်သက်၍ မိမိ ကိုယ်တိုင်လည်း သိရှိနားလည်ရန် လိုအပ်ပြီး ပြည်သူများ အသိအမြင် မှန်များရရှိစေရေး ဆောင်ရွက်ပေး ရန်လိုကြောင်း။


ပြည်သူ့    စစ်မှုထမ်းဆောင် ခြင်း၊ အမျိုးသားစစ်မှုထမ်းဆောင် ခြင်းဖြင့် နိုင်ငံသားများအနေဖြင့် အဖွဲ့အစည်းစိတ်ဓာတ်များ (Team Sprit)၊ အဖွဲ့အစည်းဖြင့် စည်းစနစ် ကျနစွာ လုပ်ကိုင်ဆောင်ရွက်တတ် သည့် အလေ့အကျင့်များ (Team Work)တို့ဖြင့် နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့်    စိတ်ဓာတ် များ    ရရှိလာမည်ဖြစ်ကြောင်း၊  နိုင်ငံတော်ကိုကာကွယ်ရန် ထမ်း ဆောင်လိုသည့်   စိတ်ဓာတ်သည် မြင့်မြတ်သည့်   စိတ်ဓာတ်ပင်ဖြစ် ကြောင်း၊ ယခုအခါ   စစ်မှုထမ်း ဟောင်းများမှ  တာဝန်ပြန်လည် ထမ်းဆောင်ရန်  ဆန္ဒပြုသူများ ရှိသကဲ့   စစ်မှုထမ်းမဟုတ်သော် လည်း   တပ်မတော်အတွင်းသို့ ပါဝင်ထမ်းဆောင်လိုသည့်အတွက် လာရောက်ဆန္ဒပြုသူများ များပြား စွာရှိနေကြောင်း၊     နိုင်ငံတော် ကာကွယ်ရေးအတွက်   စိတ်ဓာတ် များ  လူငယ်များတွင်   ရရှိစေရေး YMBA   အသင်းကြီး    အနေဖြင့် ဆောင်ရွက်ပေးရန်   လိုကြောင်း၊   နိုင်ငံ့အရေးအတွက် ဆောင်ရွက်ရာ တွင် YMBA အသင်းကြီးသည် လူမှု ရေးအဖွဲ့အစည်းများတွင်   အရေးပါ သည့်   အဖွဲ့အစည်းကြီး ဖြစ်သဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း များကို  အလေးအနက်ထားဆောင် ရွက်ကြရန်လိုပြီး လုပ်သင့်လုပ်ထိုက် သည့်ကိစ္စရပ်များကို  စနစ်တကျ ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။


တာဝန်ရှိသူများကဆွေးနွေးတင်ပြ


ထို့နောက်   ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်သူများသတင်းမှန်များ သိရှိ ရေး၊   နိုင်ငံတော်ကာကွယ်ရေး အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်၍ အသိအမြင်အမှန် များရရှိပြီး စိုးရိမ်ပူပန်မှုများ  မရှိ စေရေး၊ ပြည်သူများ၏  ကျန်းမာ ရေးကဏ္ဍ လုံခြုံစိတ်ချရမှုရှိစေရေး၊ တိုင်းပြည်၏အနာဂတ်ဖြစ်သည့် လူငယ်လူရွယ်များ  အခန်းကဏ္ဍတိုးတက်မြင့်မားစေရေး၊    နိုင်ငံ သူ၊    နိုင်ငံသားများ    အားလုံး ပြည်ထောင်စုစိတ်ဓာတ်များ၊ အမျိုး သားသွေးစည်းညီညွတ်ရေး စိတ် ဓာတ်များ တည်ဆောက်ရေးတို့ အတွက် အစိုးရပိုင်းဆိုင်ရာ တာဝန် ရှိသူများမှ   ဆောင်ရွက်လျက်ရှိ သကဲ့သို့ YMBA အသင်းကြီးအနေ ဖြင့်လည်း  တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ကြရန်  လိုအပ် သည့်အခြေအနေများနှင့် ပတ်သက် ၍ ဆွေးနွေးတင်ပြကြသည်။


ဆွေးနွေး  တင်ပြမှုများနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး     (YMBA)  ၏ ရာသက်ပန်     ဂုဏ်ထူးဆောင် နာယက    အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က မိသားစုတစ်စု၊ နိုင်ငံတစ်နိုင်ငံကို    ကောင်းမွန် အောင်၊ လုံခြုံစိတ်ချရပြီးတိုးတက် မှုရှိအောင် ပုံဖော်တည်ဆောက်ရာ တွင်  လူကြီးများသည်    ၎င်းတို့ ဖြတ်သန်းလာကြသည့်    အတွေ့ အကြုံများ၊   အသိအမြင်များကို တွန်းအား၊ ဆွဲအားအဖြစ် အသုံးပြု ကြရပြီး လူငယ်၊ လူရွယ်များမှ  ၎င်းတို့၏  နုပျိုသည့်ခွန်အားများ ဖြင့်   လိုက်ပါဆောင်ရွက်ရခြင်း   ဖြစ်ကြောင်း၊    မိသားစုတစ်စု၊   နိုင်ငံတစ်နိုင်ငံ    ကောင်းမွန်စေရေး အတွက် မိသားစုဝင်များ၊ နိုင်ငံသူ နိုင်ငံသားများကသာ  ဆောင်ရွက် ရမည်ဖြစ်သည့်အတွက် မိသားစု ကိုချစ်သည့်စိတ်၊ နိုင်ငံကိုချစ်သည့် စိတ်များ   ရရှိကြစေရေး   မိမိတို့ အနေဖြင့်   အမျိုးသားရေးကိစ္စ တစ်ရပ်အဖြစ်  ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊  နိုင်ငံတော်တည် ဆောက်ရေးအတွက်     စုစည်း ညီညွတ်သောပေါင်းစည်းစွမ်းအား (Well   Organize)    ဖြစ်အောင် နိုင်ငံတော်အစိုးရ     အနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက် ရှိကြောင်း၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး (YMBA) အနေ ဖြင့်လည်း    အမျိုး၊    ဘာသာ၊ သာသနာ၊ ပညာ စောင့်ရှောက်ရေး နှင့် အမျိုးသားသွေးစည်း ညီညွတ် ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။


ဓမ္မလက်ဆောင်ပေးအပ်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်အား ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (YMBA)  ဥက္ကဋ္ဌ  ဦးရဲထွန်းနှင့်   အဖွဲ့ဝင်များ က ဓမ္မလက်ဆောင်ပေးအပ်သည်။


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်သည် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (YMBA) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သဘာဝ ဘေးအန္တရာယ်    ကာကွယ်ရေး အတွက်  YMBA မှ  စုဖွဲ့ပေးထား သည့်အဖွဲ့များအား  ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း  သတင်းရရှိ သည်။                    

သတင်းစဉ်