ကျိုင်းတုံမြို့၌ (၄၈)ကြိမ်မြောက် ‘ဝ’ တိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပ

 

ကျိုင်းတုံ ဖေဖော်ဝါရီ   ၁၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့၌    (၄၈)ကြိမ်မြောက်    ‘ဝ’ တိုင်းရင်းရင်းသားရိုးရာ   စုပေါင်း နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ ၁၆ ရက်က မိုင်းဇင်း‌ကျေးရွာအုပ်စု  ပင်းဆိုင်း  ‘ဝ’    ရွာတွင်   ကျင်းပ သည်။


ရှေးဦးစွာ      ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ    (ရှမ်းအရှေ့) အဖွဲ့ဝင်-၂ ဦးမင်းညိုက   အမှာ စကား ပြောကြားပြီး ‘ဝ’ တိုင်းရင်း သားရိုးရာ  စု‌ပေါင်းနှစ်သစ်ကူးပွဲ တော်    ကျင်းပရေးကော်မတီသို့ ဂုဏ်ပြုချီးမြှင့်ငွေများ   ပေးအပ် သည်။  ထို့နောက်  ‘ဝ’ တိုင်းရင်း သား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့  ဥက္ကဋ္ဌ ဦးညီနပ်က နှစ်သစ်ဂါရဝ ဆုတောင်းစကား ပြောကြားသည်။ ယင်းနောက်   ‘ဝ’ တိုင်းရင်းသား များက ရိုးရာယဉ်ကျေးမှု အက၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင် ဆက်၍    ဧည့်ပရိသတ်များအား ရိုးရာအစားအစာများဖြင့် တည်ခင်း ဧည့်ခံကြသည်။


ရွက်ဟောင်းကြွေပြီး ရွက်သစ် များဝေဆာပွင့်ဖူးသည့်   တပို့တွဲ လဆန်း   ၁    ရက်နေ့ကို    ‘ဝ’ တိုင်းရင်းသားရိုးရာ      စုပေါင်း နှစ်သစ်ကူးပွဲတော်အဖြစ်   သတ် မှတ်ကြပြီး    အဆိုပါပွဲတော်တွင် ‘ဝ’ တိုင်းရင်းသားတို့၏ လယ်/ယာများမှ ထွက်ရှိသည့် ကောက်ပဲ သီးနှံများ၊ ရိုးရာအစားအစာများကို တည်ခင်းဧည့်ခံကာ     ဘူးပလွေ၊ အိုးစည်ဗုံမောင်း၊ ရိုးရာအကများ ဖြင့် စိတ်တူကိုယ်တူ ညီညီညွတ် ညွတ်    ပျော်ရွှင်စွာဖြင့်    စုပေါင်း ဆင်နွှဲကြကြောင်း သိရသည်။      


အောင်ဇင်မြင့်
(ပြန်/ဆက်)