ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာအလုပ်သမား ၉၀၀ ကျော် ခေါ်ယူမည်

ရန်ကုန်   ဖေဖော်ဝါရီ   ၁၆
ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာ အလုပ်သမားဦးရေ  ၉၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း တိုကျိုမြို့ ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး က   ဖေဖော်ဝါရီ   ၁၅   ရက်တွင် ထုတ်ပြန်လိုက်သည်။
မြန်မာသံရုံး     တိုကျိုမြို့မှ  ဖေဖော်ဝါရီ  ၁  ရက်မှ   ၁၅ ရက် အတွင်းစိစစ်ပြီး     နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ သည့် အလုပ်ကမ်းလှမ်းစာ ၃၀၂ ခုနှင့်   ပတ်သက်သည့်   အချက် အလက်များအား  ထုတ်ပြန်ပေး ခဲ့ခြင်းဖြစ်သည်။
အဆိုပါ   ထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ    ၃၀၀    ကျော်က မြန်မာအလုပ်သမား   အမျိုးသား ၃၀၀   ကျော်၊  အမျိုးသမီး  ၆၀၀ ကျော် စုစုပေါင်း ဦးရေ ၉၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း     သိရ သည်။
အဆိုပါ   ထုတ်ပြန်ချက်အရ မြန်မာသံရုံး  တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ    တစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်း စာ  (Demand Letter)   များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင် ရွက်ပေးလျက်ရှိကြောင်း   သိရ သည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ် ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန် နိုင်ငံတွင် တရားဝင်တည်ထောင် ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ   စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထား မှတ်ချက်များကို    နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့်     အလုပ် သမားဝန်ကြီးဌာနသို့      ပြန်လည် ပေးပို့လျက်ရှိကြောင်း       သိရ  သည်။
ပြီးခဲ့သည့်   ဇန်နဝါရီ ၁၆ ရက် မှ    ၃၁   ရက်အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ် ပေးပို့ပြန်ကြားခဲ့သော    အလုပ် ကမ်းလှမ်းစာ ၄၁၆ ခုတွင် မြန်မာ အလုပ်သမား အမျိုးသား  ၄၀၀ ကျော်၊ အမျိုးသမီး ၉၀၀ ကျော် စုစုပေါင်း   ဦးရေ   ၁၃၀၀   ကျော် ခေါ်ယူမည်ဖြစ်ကြောင်း     တိုကျို မြို့ရှိ   မြန်မာသံရုံးက ထုတ်ပြန် ခဲ့သည်။
MT