
နေပြည်တော် ဖေဖော်ဝါရီ ၁၆
နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူ အပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေသို့ ရန်ကုန်တိုင်းဒေသကြီးမှ တစ်ဆင့် မော်တော်ယာဉ်များဖြင့် ယနေ့နံနက်ပိုင်း တွင် ပို့ဆောင်ပေးရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူ များက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြ သည်။
အဆိုပါ အဖွဲ့သည် နေ့လယ်ပိုင်းတွင် ပုသိမ်မြို့သို့ ရောက်ရှိကြပြီး ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် မြတ် ကျောင်းတော် မြန်မာ့ရိုးရာ ပုသိမ်ထီးလုပ်ငန်းကို သွားရောက်ကြည့်ရှု လေ့လာကြသည်။ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေသို့ ရောက်ရှိကြရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းမှူးက ချောင်းသာအပန်းဖြေ ဧည့်ရိပ်သာ၌ အမှာစကားပြောကြားပြီး ဒေသထွက်စားသောက် ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ၍ လက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်