
နေပြည်တော် ဖေဖော်ဝါရီ ၁၆
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန် နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသ ကြီး(အရှေ့ပိုင်း)ရှိ ပဲခူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်း များနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယ ဝန်ကြီးက သတ်မှတ်ကာလ အတွင်း မီတာများပုံမှန်ဖတ်ရှုရေး အထူးအလေးထား ဆောင်ရွက် ကြရန်၊ ဓာတ်အားခငွေများ အလွဲ သုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေး တာဝန်ရှိသူများက အထူးကြပ်မတ် ဆောင်ရွက်ရန်၊ ဓာတ်အားပျောက် ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားပြတ်တောက်မှု နည်းပါး စေရေး၊ ဓာတ်အားလိုင်းနှင့်မလွတ် ကင်းသည့်သစ်ပင်နှင့် သစ်ကိုင်း များ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်၊ ပြည်သူများလျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြား၍ ဝန်ထမ်းများ၏ တင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ငွေကောက် ကောင်တာတွင် ပြည်သူများ ဓာတ်အားခ လာရောက်ပေးဆောင် နေမှုနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ပဲခူးမြို့အတွင်း ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည့် ၃၃ ကေဗွီ အမှတ်(၂) ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အား လိုင်းများ၊ ဓာတ်အားလွှတ်ပစ္စည်း များအခြေအနေနှင့် မိုးရာသီကာလ တွင် ဓာတ်အားခွဲရုံသို့ ရေဝင်ရောက် မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဆောင် ရွက်ပေး၍ ဓာတ်အားခွဲရုံဝင်း အတွင်း ဝန်ထမ်းများ စိုက်ပျိုးထား ရှိသည့် ဟင်းသီးဟင်းရွက်စိုက်ခင်း များကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ လှော်ကား ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ Switch Yard အတွင်း ဓာတ်အားလိုင်းများနှင့် ဓာတ်အား လွှတ်ပစ္စည်းများ၏ အခြေအနေ၊ လက်ရှိ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် အသစ် တိုးချဲ့တည်ဆောက်မည့် ၂၃၀ ကေဗွီ အရှေ့ဒဂုံ - လှော်ကား ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ဝါးတရာ - လှော်ကားဓာတ်အား လိုင်းတို့အတွက် Switch - Bay နေရာလျာထားမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များမှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်