
နေပြည်တော် ဖေဖော်ဝါရီ ၁၅
လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ရွာ များမှာ ပေါ်တာဆွဲနေကြောင်း၊ ဖမ်းဆီးနေကြောင်းနှင့် ငွေကြေး တတ်နိုင်သူများက ပိုက်ဆံပေးရင် ပြန်လွှတ်ပေးနေကြောင်း မဟုတ် မမှန်လုပ်ကြံသတင်းများ ထွက်ပေါ် နေကြောင်း သိရှိရသည်။ ၎င်း သတင်းများသည် မဟုတ်မမှန် ကြောင်းကို နိုင်ငံပိုင်မီဒီယာများ ကလည်း အခါအားလျော်စွာ သတင်းထုတ်ပြန်မှုများ ဆောင် ရွက်လျက်ရှိသည်။
ပြည်သူများ၏ နေ့စဉ်လူမှု ဘဝမှာ လုံခြုံအေးချမ်းစွာ နေထိုင် သွားလာ လှုပ်ရှားနိုင်စေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိ သူများက ဧည့်စာရင်းစစ်ဆေးခြင်း များကို မြို့၊ ရွာများတွင် ဆောင် ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဧည့်စာရင်းမတိုင်ဘဲ နေထိုင်သူ များ၊ အိမ်ထောင်စု စာရင်းဝင် မဟုတ်သူများ၊ အိမ်ထောင်စုစာရင်း မပြနိုင်သူများကို စစ်ဆေးတွေ့ရှိ ပါက ရဲစခန်းနှင့် သက်ဆိုင်ရာ ဌာနများသို့ ခေါ်ယူစစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ခေါ်ယူစစ်ဆေးရာတွင် ဧည့်စာရင်းမတိုင်ထားသူ၊ အိမ် ထောင်စုစာရင်းဝင် မဟုတ်သူ၊ အိမ်ထောင်စုစာရင်း မပြနိုင်သည့် သူများ၊ စည်းကမ်းနှင့် မကိုက်ညီ သူများကို စစ်ဆေးတွေ့ရှိလျှင် ဥပဒေနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်နေပြီး အထောက် အထား ပြည့်စုံစွာ တင်ပြနိုင်သူများ ကိုလည်း ပြန်လည်စေလွှတ်ပေး လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်နေမှုများ အပေါ် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာ အေးချမ်းသာယာရေးကို မလိုလား သည့်သူများက အများပြည်သူ ထိတ်လန့် တုန်လှုပ်ချောက်ချား စေရန်ရည်ရွယ်ပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ညဘက်များတွင်ပေါ်တာ ဆွဲနေကြောင်း၊ ပိုက်ဆံပေးလျှင် ပိုက်ဆံယူပြီး ပြန်လွှတ်ပေးနေ ကြောင်းဖြင့် သတင်းအတု၊ သတင်း အမှားများ ထုတ်လွှင့်နေခြင်းအပေါ် အများပြည်သူများ သတင်းမှန် သိရှိစေရေး၊ ထိတ်လန့်ကြောက်ရွံ့ မှုများ မဖြစ်စေရေးနှင့် လုပ်ကြံ ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်