ချင်းပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ဟားခါး    ဖေဖော်ဝါရီ    ၁၅
(၇၆) နှစ်မြောက်  ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၄/၂၀၂၄) ကို ဟားခါးမြို့  ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပရာ      ပြည်နယ်ဝန်ကြီးချုပ်      ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်    နိုင်ဝင်းအောင်၊    ပြည်နယ်ဝန်ကြီး များ၊     ပြည်နယ်ဥပဒေချုပ်၊     ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊           ဟားခါးတက္ကသိုလ်ဒုတိယ ပါမောက္ခချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က  (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား      အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်              ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ      ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မည်သည့်    အလုပ်ပဲလုပ်လုပ်     လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ   ဆောင်ရွက်ရမည်ဖြစ် သည့်အပြင်    ခိုင်းမှလုပ်ခြင်းမျိုး    မဟုတ်ဘဲ   မိမိ အသိစိတ်နှင့် စေတနာအပြည့်ဖြင့် ဆောင်ရွက်သည့် အကျင့်ကို   ဝန်ထမ်းတိုင်းတွင်    ထားရှိရမည်ဖြစ် ကြောင်း၊   ချင်းအမျိုးသားနေ့    အခမ်းအနားသည် အခြားသာမန်ပွဲမျိုးမဟုတ်ဘဲ ချင်းအမျိုးသားများ၏ အထွတ်အမြတ်ထားသည့် နေ့ထူးနေ့မြတ်ဖြစ်သည့် အတွက်   ခမ်းခမ်းနားနား သိုက်သိုက်မြိုက်မြိုက်နှင့် အနှစ်သာရပြည့်ဝစွာ    ကျင်းပမည်ဖြစ်ကြောင်းနှင့် အခမ်းအနားတက်ရောက်လာကြသည့် ကော်မတီဝင် များအနေဖြင့်   ဆောင်ရွက်ပြီး    ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်အချက်များကို    ဆွေးနွေး တင်ပြပေးစေလိုကြောင်း ပြောကြားသည်။ 
ထို့နောက် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အောင်မြင်စွာ  ကျင်းပနိုင်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်        နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ချင်းအမျိုးသားနေ့ အခမ်းအနား  အောင်မြင်စွာ  ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့်            ဆပ်ကော်မတီများထံသို့ တင်ပြတောင်းခံထားသည့် ရန်ပုံငွေ၏ ၅၀ ရာခိုင်နှုန်း ဆီကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ချင်းပြည်နယ် အတွင်းရှိ     လုံခြုံရေးနှင့်     တရားဥပဒေစိုးမိုးရေး အခြေအနေအရ      ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပနိုင်သည့်   မြို့နယ်ခြောက်မြို့နယ်အတွက် ချင်းအမျိုးသားနေ့အတွက်  ရန်ပုံငွေများ ခွဲဝေခွင့်ပြု ထားပြီးဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။
ဆပ်ကော်မတီအလိုက် ဆွေးနွေးတင်ပြချက်များ အပေါ်     အနောက်မြောက်တိုင်း     စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်နိုင်ဝင်းအောင်၊    ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး           ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး         ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့် ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး         ဦးအောင်ချိုတို့က အကြုံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။    
ခရိုင် (ပြန်/ဆက်)