ပြည်တွင်းလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ငွေကြေးတတ်နိုင်သူများအား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ပါဝင်လာစေရေးဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ   ၁၅
ရင်းနှီးမြှုပ်နှံမှုနှင့်        နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန     လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို Hybrid စနစ်ဖြင့်  ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်၍   နေပြည် တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန     အစည်း အဝေးခန်းမ၌ ကျင်းပရာ   ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။  
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရအနေဖြင့်   နိုင်ငံတော်၏    ရှေ့ လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ကို ချမှတ်၍  လုပ်ငန်းစဉ်များကို စဉ်ဆက် မပြတ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ  မိမိတို့ဝန်ကြီးဌာနရှိ   အရာ ထမ်း/ အမှုထမ်းများ  အားလုံးအနေဖြင့် စနစ်တကျ ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊  မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် အဓိကလုပ်ငန်းစဉ် (၂)ရပ်ဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး    လုပ်ငန်းများကို  အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့်  စိတ်ဓာတ်သစ်၊ ခွန်အားသစ်များဖြင့်   ပါဝင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊   ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေး၊    သွင်းကုန်အစားထိုးရေး၊ ပို့ကုန်မြှင့်တင်ရေး၊ ပြည်တွင်း / ပြည်ပ ဈေးကွက်ရရှိရေးနှင့် နိုင်ငံ့စီးပွားတိုးတက် ရေးအတွက် အဓိကမောင်းနှင်အားများ ဖြစ်ကြပါကြောင်း၊ နိုင်ငံတော်၏စီးပွား ရေးဦးတည်ချက် (၃)ရပ်တွင်  ပါဝင်သော စိုက်ပျိုးမွေးမြူရေးကဏ္ဍ   မြှင့်တင်ရေး၊ အငယ်စား၊  အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုး တိုးတက်ရေး၊ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးကို    နိုင်ငံ တော်မှ အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်း များကို အားပေးမြှင့်တင်ရန်   လိုအပ်ပါ ကြောင်း။
သက်ဆိုင်ရာ     တိုင်းဒေသကြီး / ပြည်နယ်များတွင် စိုက်ပျိုးရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများ  တိုးတက် လာစေရေးအတွက် အရင်းအနှီးလိုအပ် သဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု  တိုးမြှင့် ရေးနှင့် ချောမွေ့စေရေး၊    ပို့ကုန်တိုးမြှင့် ရေးအတွက် စုစုပေါင်းသွင်းအားစုများ၏ ထုတ်လုပ်နိုင်မှုစွမ်းအား (Total Factor Productivity -TFP)၊    လိုအပ်သဖြင့် နိုင်ငံတကာ၏ အရင်းအနှီးတည်ဆောက်မှု ပုံစံများကို လေ့လာပြီး    နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ       ဝင်ရောက်လာစေရန် ဆောင်ရွက်ကြရမည်      ဖြစ်ကြောင်း၊ ပြည်တွင်း၌ ရှိပြီးဖြစ်သောအရင်းအနှီးနည်း လုပ်ငန်းရှင်များ၊  စီးပွားရေးလုပ်ငန်းရှင် များ၊ ငွေကြေးတတ်နိုင်သူများအား ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများ  ဖန်တီးပေးပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင်   ပါဝင် လာစေရေးဆောင်ရွက်ရန်     လိုအပ်ပါ ကြောင်း၊ နိုင်ငံတော်၏ မူဝါဒဖြစ်သော MSMEs လုပ်ငန်းများ   တိုးတက်စေရေး အတွက်  စွန့်ထွင်ဦးစီးသူများ    (Entre-preneurs)၊  ရင်းနှီးမြှုပ်နှံမှု     လုပ်ငန်း လုပ်ကိုင်လိုသူများ (Investors)နှင့် အရင်း အနှီးရှိသူများအကြား ချိတ်ဆက်ဆောင် ရွက်ပေးမည့်    ကနဦးစတင်သည့်ဌာန (Start Up Center) ကို မိမိတို့ဝန်ကြီး ဌာနတွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က    ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့်  လုပ်ငန်းစဉ် များကို   အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာန၏ လုပ်ငန်းလမ်းညွှန် (Terms of Reference- TOR) နှင့် ချိတ်ဆက်၍  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေ များနှင့်    လာမည့်ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်  ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက်      နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန     ညွှန်ကြား ရေးမှူးချုပ်က   နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုများ၊ အာဆီယံအပါအဝင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၊   ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား  ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိ သည့်အခြေအနေများ၊  ဖွံ့ဖြိုးမှုစီမံခန့်ခွဲ ရေးနှင့်ပူး‌ပေါင်းဆောင်ရွက်ရေး၊ နိုင်ငံခြား ပညာသင်ကိစ္စရပ်များ  ဆောင်ရွက်ပေး လျက်ရှိသည့်အခြေအနေများကို  တင်ပြ ဆွေးနွေးသည်။   ဆက်လက်၍   ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြည်တွင်း/ ပြည်ပ     ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေး   ဆောင်ရွက်မှုအခြေအနေ များ၊   ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် များ   အရည်အသွေးပြည့်ဝစွာ    ဖွံ့ဖြိုး တိုးတက်ရေးအတွက်     အားပေးကူညီဆောင်ရွက်မှုအခြေအနေများ၊ ဒေသတွင်း နှင့်  နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ အလားအလာရှိသည့်    နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကဏ္ဍများနှင့်   နိုင်ငံသားရင်းနှီး မြှုပ်နှံမှုကဏ္ဍများ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များတွင်   ကြုံတွေ့နေရသည့်အခက်အခဲ များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးသည်။
ထို့နောက်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ  ညွှန်ကြားမှုဦးစီးဌာနမှ   တိုင်းဒေသ ကြီး/ ပြည်နယ် ဦးစီးမှူးများက   တိုင်း ဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက် လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်   အခြေ အနေများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေး ကြသည်။ 
အဆိုပါ   လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ ဒုတိယဝန်ကြီး၊    ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်