
နေပြည်တော် ဖေဖော်ဝါရီ ၁၅
မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များအား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များဆိုင်ရာဆွေးနွေး ပွဲကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့် နောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်ရာမှ ခေတ္တပြန်လည် ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များ တက်ရောက်ကြသည်။
ပူးပေါင်းဆောင်ရွက်ပေးမည့်အစီအစဉ်များဆွေးနွေး
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက အဖွင့်အမှာစကားပြောကြား၍ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင်က ပြည်ပရောက် မြန်မာနိုင်ငံသားအလုပ်သမား များအား ကာကွယ်ကူညီစောင့်ရှောက်ရေးအတွက် အလုပ်သမားဝန်ကြီး ဌာနနှင့် မြန်မာသံရုံးများ ပူးပေါင်းဆောင်ရွက်ပေးမည့်အစီအစဉ်များ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး(ယာပုံ) သံရုံးတာဝန်ရှိသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆောင်ရွက်နေမှု၊ လူ့အခွင့်အရေးကာကွယ်စောင့် ရှောက်ပေးနေမှုနှင့် Online လိမ်လည်မှုများတွင် အသုံးချခံရသည့် နိုင်ငံခြားသားများအား ပြန်လည်လွှဲပြောင်းပေးပို့နေမှုအခြေအနေများ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်၏ ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ ကုန်သွယ်ရေး မူဝါဒနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် က ပြည်ပနှင့်ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ ပုံမှန် ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးအခြေအနေများနှင့် ပတ်သက် ၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြည်တွင်းအသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME) ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်နေမှုနှင့် အထူးစီးပွားရေးဇုန်များ အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးပြော ကြားသည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆွေးနွေး
ထို့နောက် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများက သက်ဆိုင်ရာနိုင်ငံများအလိုက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေး ဖော်ဆောင်နေမှု၊ အလုပ်သမားများ စေလွှတ်ရေးဆိုင်ရာကိစ္စရပ် များနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ညနေပိုင်းတွင် ရပ်နားလိုက်ကြောင်း သိရသည်။
သတင်းစဉ်