ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော် ပြန်လည်ရောက်ရှိ

ကော့သောင်း   ဖေဖော်ဝါရီ    ၁၅


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော် ပြန်လည်ရောက်ရှိ လာကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်များတွင် ပြစ်ဒဏ်ကျခံပြီးဖြစ်ခြင်း ကြောင့် ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုလက်ခံပေးကာ လိုအပ်သည့် စစ်ဆေးမှုများ၊  ကျန်းမာရေးစစ်ဆေးမှုများ    ဆောင်ရွက်ပေးခဲ့ကြောင်း   သိရသည်။
ထိုင်းနိုင်ငံ ရနောင်းမြို့မှရေလမ်းခရီးဖြင့် ရောက်ရှိလာသူများတွင် အမျိုးသမီး ၄၆ ဦးနှင့် အမျိုးသား ၁၆၀  ပါဝင်ကြောင်း သိရသည်။
ကော့သောင်းမြို့သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို တာဝန်ရှိသူများက ကိုဗစ်-၁၉ စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက် စစ်ဆေးခြင်းများပြုလုပ်ပြီး  ရောဂါပိုးတွေ့ရှိသူများကို အသွားအလာစောင့်ကြည့်ရေးစင်တာများတွင် ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးခံရပြီး  ပြစ်ဒဏ် ကျခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၆ ဦးကို ဖေဖော်ဝါရီ ၁၄ ရက်က ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ကြောင်း သိရသည်။                                                            

မြင့်ဦး(မြိတ်)