မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့အနေဖြင့် ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးဆောင်ရွက်သည့်အပိုင်းတွင် တတ်စွမ်းနိုင်သမျှပံ့ပိုးပါဝင်ကူညီပေးခြင်းအားဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅


မြန်မာနိုင်ငံ   ရဲမှုထမ်းဟောင်းများအဖွဲ့ (၂)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့  နံနက်ပိုင်းတွင်   နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာ ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး    ဒုတိယ ဗိုလ်ချုပ်ကြီး  ရာပြည့်      တက်ရောက် အမှာစကားပြောကြားသည်။


တက်ရောက်


အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊  အမြဲတမ်း အတွင်းဝန်   ဦးခိုင်ထွန်းဦး၊     ညွှန်ကြား ရေးမှူးချုပ်များ၊      ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့   ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊  နေပြည်တော်၊   တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။


တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေး


ဦးစွာ     ပြည်ထောင်စုဝန်ကြီးက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်       အင်အား တိုးတက်ခိုင်မာလာအောင်   တိုင်းဒေသ ကြီးနှင့် ပြည်နယ်စည်းရုံးရေးကော်မတီ၊ မြို့နယ်စည်းရုံးရေးကော်မတီများ ဖွဲ့စည်း ပြီး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် အကုန်တွင် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့နယ်ရဲမှုထမ်းဟောင်း   အဖွဲ့များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်ရေး အဖွဲ့များ တိုးတက်ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရများ အနေဖြင့်  မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့ဝင်များအတွက်  သာရေး၊ နာရေး၊ လူမှုရေးဆိုင်ရာကိစ္စများတွင်    ကူညီ ထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေများပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း အလျဉ်းသင့် သလို  ရန်ပုံငွေများ ထည့်ဝင်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊   မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့များမှ လက်ရှိပိုင်ဆိုင်ထား သည့်ရန်ပုံငွေကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်  ကိုက်ညီသည့်လုပ်ငန်းများဖြင့် တိုးပွားအောင်   ဆက်လက်လုပ်ဆောင် သွားပြီး    ရရှိလာသည့်ရန်ပုံငွေများကို ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ   သက်သာ ချောင်ချိရေးကိစ္စများအပြင် အဖွဲ့ဝင်မိသားစု များ၏  သက်သာချောင်ချိရေးကိစ္စများ အထိ တတ်စွမ်းသမျှ  ကူညီဆောင်ရွက် ပေးခြင်းဖြင့် မြန်မာနိုင်ငံရဲမှုထမ်းဟောင်း များအဖွဲ့ကို ပိုမိုကျစ်လျစ်ခိုင်မာလာအောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။ 
မြန်မာနိုင်ငံ  ရဲမှုထမ်းဟောင်းများ အဖွဲ့အနေဖြင့်     အဖွဲ့၏ရည်ရွယ်ချက် (၄)ရပ်နှင့်  လုပ်ငန်းစဉ်  (၆) ရပ်တို့ကို အောင်မြင်အောင်    အကောင်အထည် ဖော်နိုင်ရန်အတွက်   ငါးနှစ်တာကာလ လျာထားစီမံချက်များရေးဆွဲပြီး နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွား မည့်လုပ်ငန်းများကို  ရေးဆွဲဆောင်ရွက် လျက်ရှိရာတွင်    လျာထားစီမံချက်ပါ အတိုင်း   အောင်မြင်နိုင်ရေး    ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့်      အဖွဲ့ဝင် အင်အား    တောင့်တင်းရေးကို     ဦးစား ပေး ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ရဲတပ်ဖွဲ့ ဝင်ဟောင်းများ အားလုံးအဖွဲ့ဝင်ဖြစ်လာ စေရေး အလေးထားစည်းရုံးကြရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ   ရဲမှုထမ်းဟောင်း များအဖွဲ့အနေဖြင့် အဖွဲ့၏ရည်ရွယ်ချက် များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် ဒို့တာဝန်အ‌ရေး (၃)ပါးကို ဦးထိပ်ထား၍ ပြည်တွင်းလုံခြုံရေး၊    ရပ်ရွာအေးချမ်း သာယာရေးနှင့်   တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး ဆောင်ရွက်သည့်အပိုင်း တွင် တတ်စွမ်းနိုင်သမျှ မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တစ်ဖက်တစ်လမ်း မှ ပံ့ပိုးပါဝင်ကူညီပေးခြင်းအားဖြင့် နိုင်ငံ တော်တာဝန်ကို ထမ်းဆောင်သွားကြရန် တိုက်တွန်းပြောကြားသည်။


လုပ်ငန်းဆောင်ရွက်မှုတင်ပြ


ထို့နောက် တက်ရောက်လာကြသည့် ရဲမှုထမ်းဟောင်း  ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ကာ   မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင် အဖွဲ့ဥက္ကဋ္ဌက   နှစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု  အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်ချမှတ်ထားရှိမှုကို ရှင်းလင်း တင်ပြပြီး     ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား    ပြောကြားကာ စုပေါင်းမှတ်တမ်းတင်    ဓာတ်ပုံရိုက်ခဲ့ ကြောင်း သိရသည်။        

 
  သတင်းစဉ်