
နေပြည်တော် ဖေဖော်ဝါရီ ၁၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ စေတနာရှင် အလှူရှင်များက နိုင်ငံတော်လုံခြုံ ရေးနှင့် ကာကွယ်ရေးတာဝန်များ ကို စွမ်းစွမ်းတမံထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ ပေါင်းလောင်း ရိပ်သာ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ က ပေးအပ်လှူဒါန်းသည့် ငွေကျပ် သိန်း ၁၅၀ တန်ဖိုးရှိ စားသောက် ဖွယ်ရာများနှင့် ငွေကျပ်သိန်း ၅၀၊ စုစုပေါင်း ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ ငွေသားနှင့်စားသောက် ဖွယ်ရာပစ္စည်းများကို ပေးအပ် ရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်